Pages

Thursday, September 27, 2018

ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် နှစ်စင်း ပြန်လည်ထွက်ခွာ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS KULISH (P-63) နှင့် INS BATTI MALV (T-67) တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အိန္ဒိယရေတပ်မှ Naval Component Commander (Andaman and Nicobar) ဖြစ်သူ Commo-dore Ashustosh Ridhorkar ဦးစီး၍ အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၇၇ ဦး၊ စုစုပေါင်း ၁၉၈ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှ ယနေ့အထိ သုံးရက် ကြာနေထိုင်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်ခြင်း၊ ဇဗားရှား ဂူဗိမာန်နှင့် အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment