Pages

▼

Wednesday, September 26, 2018

လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်






နေပြည်တော် ၂၆-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ညောင်ကုန်းကျေးရွာရှိ ရတနာ့ဗိမာန်ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၁ဝ၈ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment