Pages

Tuesday, September 4, 2018

မူးယစ်ကျော်စော နေရာဖြစ်သည့် လက်ပံကျေးရွာတွင် မူးယစ်ပစ်မှု ကျူးလွန်သူများ ထပ်မံဖမ်းမိ



ကျောက်ဆည် ၄-၉-၂ဝ၁၈

ကျောက်ဆည်မြို့ လက်ပံကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းချသည့် သူများကို ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါး ရောင်းချသူများနှင့် ဆေးပြား၂ဝဝဝဝကျော် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည်။

သိန်းငှက်လုံခြုံရေး အထူးစီမံချက်အရ မူးယစ်ကျော်စောသည့် လက်ပံကျေးရွာသို့ သြဂုတ် ၂၇ရက်က ပထမအကြိမ် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် လူ၇၆ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း မူးယစ်ဆေးဝါး မတွေ့ရှိဘဲ စက်တင်ဘာ၂ ရက်က ဒုတိယအကြိမ်အဖြစ် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ရာမှ ယင်းသို့ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဝင်ရောက် ဖမ်းဆီးခဲ့ရာ စိုးနိုင်(ခ)ဖွဲလုံးထံမှ ဆေးပြား၂ဝ၁ဝဝနှင့် ဆေးသုံးရာတွင် အသုံးပြုသည့်ပစ္စည်းများ ကို ဖမ်းမိခဲ့ပြီး အမျိုးသမီးတစ်ဦး အမျိုးသား လေးဦးတို့ထံမှ မူးယစ်ဆေးပြား အနည်းငယ်စီဖမ်းမိ ခဲ့သောကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အစီအမံဖြင့် ခိုး၊ ဆိုး၊ လု၊ နှိုက်လျော့နည်း ကျဆင်းရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစီမံချက်အရ ယခုနှစ်ဇွန်၂၅ရက်မှ သြဂုတ်၂၈ ရက်ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အရလက်နက်ပုန်း ၅၄မှု၊ လောင်းကစား၁၈မှု၊ မူးယစ်ဆေးဝါးမှု ၈၇မှု၊ ပြည့်တန်ဆာမှု ခြောက်မှု၊ ခြေချုပ် / ခံဝန်သုံးမှု၊ ရဲအက်၁၁၂၉မှု၊ ယစ်မျိုး၁၁မှု၊ ကျင့်(၅၄) ၁၉၁မှု၊ ဆင်ဆာမဲ့ဗီဒီယိုတစ်မှုနှင့် မော်တော်ယာဉ် ဥပဒေ ၁ဝ၄၈မှုစုစုပေါင်းအရေးယူမှု ၂၅၄၈မှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment