Pages

Thursday, September 27, 2018

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ ဘင်္ဂါလီခြောက်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် များအား စစ်ဆေးစဉ် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် လားရှိုးဘက်မှ သိန်းနီဘက်သို့ ယာဉ်မောင်း ဦးစိုင်းဟန်ညွန့် မောင်းနှင်လာသည့် WISH အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN 6G/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ ဘင်္ဂါလီလူမျိုး များဖြစ်သည့် ဟာစွတ် (ဘ) ရောဒီတာဆော့၊ဟာဆော့ (ဘ) နော်ဒီ၊ အစ္စမန် (ဘ) နော်ရူး၊ဆာဒူးဟူစောင်း (ဘ) ဆာယွတ်ဟူစောင်း၊ စောလိမ် (ဘ) အဘူစီရီနှင့် မာမွတ်ရှာကဲ (ဘ) နော်ရူဆာလတို့ ခြောက်ဦးအား ဖမ်းဆီး ရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်း ချက်အရ ၎င်းတို့သည် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် သံတွဲမြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် မန်းရွှေပြည်ကားဖြင့် ရန်ကုန်မှ လားရှိုးသို့ ရောက်ရှိ လာခြင်းဖြစ်ကာ ရဲသီဟမောင် (ဘ) ဦးမောင်မောင်က တစ်ဦးလျှင် အခကြေးငွေ တစ်သိန်းဖြင့် ရန်ကုန်မှ မူဆယ်သို့ ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီခြောက်ဦးအား သိန်းနီမြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment