Pages

Thursday, August 23, 2018

အေ့စ်စင်တာမှ HIV ကူးစက်ခံ ကလေးငယ်များအတွက် မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ဒေ့ဗ်လက် အလှူငွေများလှူဒါန်း



ရန်ကုန် ၂၃-၈-၂ဝ၁၈

မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်သည် ရန်ကုန်မြို့ မြန်မာပလာဇာရှိ Power House Fitness Club တွင် သြဂုတ် ၂၁ရက် ညပိုင်းက အခကြေးငွေဖြင့် လက်ဝှေ့ပညာများ သင်ကြားပေးခဲ့ပြီး ရရှိသည့်ငွေများကို အေ့စ်စင်တာမှ HIV ကူးစက်ခံကလေးများ ရန်ပုံငွေအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းသည် သြဂုတ် ၂၁ရက် ညနေ ၆ နာရီခွဲမှ ည ၈နာရီထိ ၁နာရီခွဲကြာ လေ့ကျင့်ပေးခဲ့ပြီးနောက် ယင်းလက်ဝှေ့လေ့ကျင့်မှုမှ ရရှိခဲ့သည့် ငွေများကို အေ့စ်စင်တာရှိ ကူးစက်ခံ ကလေးငယ်များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒေ့ဗ်လက်က "အခုကျွန်တော်က မြန်မာပြည် လေးထပ်ကွမ်း ချန်ပီယံဖြစ်နေပါပြီ။ ကျွန်တော် မြန်မာနိုင်ငံက လူတွေအတွက် ပိုပြီးကူညီနိုင်ပါပြီ။ ကျွန်တော်ရရှိခဲ့တဲ့ ငွေတွေအားလုံးကို အေ့စ်စင်တာကိုလှူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီက ကလေးတွေကို တတ်နိုင်သလောက် ကူညီချင်ပါတယ်။ လှူဒါန်းမှုအတွက် ကူညီပေးတဲ့ သူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းသည် ၂ဝ၁၆ခုနှစ်က ထွန်းထွန်းမင်းကို အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ့လက်ဝှေ့ ချန်ပီယံဖြစ်ခဲ့ပြီး သြဂုတ် ၁၉ ရက်က ကျင်းပခဲ့သည့် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲတွင်လည်း စိန်ခေါ်သူ ထိုင်းနိုင်ငံသား ဒီစဲလက်ကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

ဒေ့ဗ်လက်အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း လက်ရှိမြန်မာ့ လက်ဝှေ့ချန်ပီယံ ကာကွယ်ပွဲစဉ်အဖြစ် ထွန်းထွန်းမင်းနှင့် တစ်ကျော့ပြန်လည် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment