Pages

Friday, August 24, 2018

ဒီလီအလီရဲ့ နှစ်ဆပိုခက်သော လက်ဟန် အမူအရာ ဒုတိယအကြိမ် ထပ်မံထွက်ပေါ်



လန်ဒန် ၂၄-၈-၂ဝ၁၈

စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒီလီအလီသည် ရာသီအဖွင့် နယူး ကာဆယ်ကို အနိုင်ရသည့်ပွဲစဉ်တွင် မျက်လုံးရှေ့လက်ချောင်းများကို အဝိုင်းပုံသဏ္ဌာန်တစ်ခုလုပ်ကာ ခက်ခက်ခဲခဲ ပုံစံဖြင့် အောင်ပွဲခံခဲ့ရာ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာ လုံးလိုက်လုပ်ကြသလို ပေါ့ဂ်ဘာ၊ ပိုချက်တီနို၊ နေမာတို့သာမက အမေရိကန် ဘောလုံးလိဂ် (NFL) နှင့် အမေရိကန် ဘတ်စကက်ဘောလိဂ် (NBA) အသိုင်း အဝိုင်းမှကစားသမားများပါ လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။

သို့သော်ထိုလုပ်ရပ်ကို ဇွန်လကတည်းက ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံရာတွင် ထိုသို့ပြုလုပ်ရန် မိမိက အရင်တီထွင်ခဲ့ သည်ဟု မန်ယူတိုက်စစ်မှူး လင်ဂတ်ကဖွင့်ဟခဲ့သည်။ ဒီလီအလီသည် ယမန်နေ့က ပထမတစ်ကြိမ်က မျက်လုံးတစ်လုံးကိုသာ အဝိုင်းပုံစံ လုပ်နိုင်သည့် လက်ဟန်အနေ အထားထက် နှစ်ဆပိုခက်ပြီး မျက်လုံးနှစ်လုံးစလုံးကို အဝိုင်းပုံစံပြုလုပ်နိုင်သော ဒုတိယမြောက် ဒီလီအလီရဲ့ လက်ဟန် အနေအထားကို လုပ်ကာ အွန်လိုင်းပေါ်တွင် လိုက်ပါလုပ်ဆောင်ကြရန် ဖိတ်ခေါ်သွားခဲ့သည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သော ဒီလီအလီသည် ထိုလက်ဟန်အမူအရာကို လူမှုကွန်ရက်ပေါ်တွင် လုပ်ပြခဲ့ပြီးနောက်မှ အသင်းဖော် အန်ကူဒူမှာ အောင်မြင်စွာလိုက် မလုပ်နိုင်သည့် ပုံကို တင်ထားခဲ့ခြင်းဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment