Pages

Friday, August 24, 2018

သက်တန်းကုန်ကျောက်မျက် တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ ၁၉ ဦးဖမ်းမိ



ဖားကန့် ၂၄-၈-၂ဝ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း သက်တမ်းကုန် ကျောက်မျက် တူးဖော်ရေး လုပ်ကွက်အတွင်း တရားမဝင် ဝင်ရောက်ရှာဖွေနေသည့် ရေမဆေး ကျောက်ရှာဖွေသူ ၁၉ ဦးကို ကျောက်မျက် တူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု တောင်းကော့ကျေးရွာရှိ သက်တမ်းကုန်ဆုံးခဲ့သည့် စိန်လုံတောင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း သြဂုတ် ၂၂ ရက် နံနက်၈နာရီ ၄၅မိနစ်က တရားမဝင် ရေမဆေးကျောက် ရှာဖွေသူများ ဝင်ရောက်၍ ကျောက်မျက် တူးဖော်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်စိမ်း တူးဖော်ရေးဌာနမှ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ စိန်လုံတောင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ရှိ သက်တမ်းကုန် လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူ ရန်ပင်းရန်၊ နိုင်မင်းအောင်၊ မင်းသူ၊ စိန်ဝင်း၊ စန်းသီး၊ အောင်ဖြိုးဟိန်း၊ အောင်ကိုမင်း၊ မြင့်သိန်း၊ ကျော်မြ၊ ချစ်စိုးလွင်(ခ)ဖိုးချစ်၊ ကျော်မင်းနိုင်၊ လှသိန်း၊ ကျော်မင်းထွန်း၊ အောင်မျိုး၊ သက်နိုင်ထွန်း၊ ဇော်လွင်မိုး(ခ)မောင်ပိန်၊စိုင်းရီခမ်း၊ စိုင်းမိုးထွန်း၊ ဝင်းထွန်းတို့ ၁၉ဦးကို ကျောက်မျက်တူးဖော် ရာတွင်အသုံးပြုသည့် ပစ္စည်းများဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်တမ်းကုန် ကျောက်မျက် တူးဖော်ရေး လုပ်ကွက်အတွင်း တရားမဝင် ဝင်ရောက်ကျောက်မျက် တူးဖော်သည့် ရေမဆေးကျောက် ရှာဖွေသူ ၁၉ဦးကို ဖားကန့်မြို့မရဲစခန်းက (ပ) ၁၁၆/၂ဝဝ၈၊ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ-၄၁(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment