Pages

Wednesday, August 29, 2018

ကျောက်ဆည်မြို့နယ်တွင် မူးယစ်ဆေးသုံးစွဲမှု မသင်္ကာသူ ၇၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထား



ကျောက်ဆည် ၂၉-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသော မသင်္ကာသူ ၇၆ဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စီမံဆောင်ရွက်နေသည့် သိမ်းငှက်စီမံချက်အရ ကျောက်ဆည် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းကျော်ဌေးဦးစီးသောအဖွဲ့၊ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကျော်သန်း ဦးစီးသောဖမ်းဆီး ရေးအဖွဲ့သည် သြဂုတ် ၂၇ရက်မွန်းလွဲ ၃ နာရီကစတင်၍ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသော အမျိုးသား ၇၄ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

"ဖမ်းဆီးထားတဲ့ သူတွေများလို့ မြင်းစု၊ မြစ်သား၊ တံတားဦးရဲစခန်းတွေကို ခွဲပြီးချုပ်ထားပါတယ်။ သူတို့ကို အမှုဖွင့်ပြီးပါပြီ။ အခုတရားသူကြီးဆီ ရမန်ယူမှာပါ"ဟု ကျောက်ဆည် မြို့မရဲစခန်းမှ တာဝန်ကျ ရဲမေတစ်ဦးကပြောပြသည်။

မူးယစ်မသင်္ကာမှုဖြင့် ဖမ်းဆီးရ မိသူများမှာ မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲရန် စောင့်ဆိုင်းသူများ ဖြစ်ပြီး၎င်းတို့နှင့်အတူ TOYOTA Van အမျိုးအစား အဖြူရောင်လိုင်စင်မဲ့ ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၄၃စီးကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားသူများကို ကျောက်ဆည်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် အမှုဖွင့်ဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment