Pages

Friday, August 3, 2018

ရန်ကုန်-မန္တလေးကားလမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်



ဝမ်းတွင်း ၃-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၆၄/၄) နှင့် (၃၆၄/၅) ကြားတွင် ယနေ့ နံနက် ၆ နာရီ မိနစ်၃ဝခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယရဲအုပ် ခင်မောင်တင့်နှင့် တပ်ဖွဲ့ဝင်များသည် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စိုးရန်ပိုင် (ဘ) ဦးစိုးညွန့် ရွှေလင်ပန်းရပ်ကွက် လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5L/---- ၁၈ဘီး အဖြူရောင်ယာဉ်မှာ အရှိန်လွန်ပြီးလမ်း၏ ဝဲဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း ကားလေကာမှန်ကွဲ၊ ရှေ့ယာတံခါးပေါက်မှန်ကွဲ၊ ကားဘော်ဒီယာဘက် အခြမ်းပျက်စီး၊ ရှေ့ခေါင်းရုပ် ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ငွေကျပ် သိန်း ၂ဝခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စိုးရန်ပိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ခင်မောင်တင့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရွှေတောင်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၃၁/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ-၂၇၉ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment