Pages

Thursday, August 23, 2018

ပုသိမ်ကြီးမြို့၌ မိုးစပါးဧက နှစ်သောင်းကျော် စိုက်ပျိုးပြီးစီး



ပုသိမ်ကြီး ၂၃-၈-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စိုက်ဧကများသည် ဆည်ရေသောက် မြေများဖြစ်ရာ ယခုနှစ် မိုးစပါးလျာထားဧကမှာ ၂၃၉ဝဝဧကဖြစ်ပြီး ဧက ၂ဝ၂ဝဝ စိုက်ပျိုး ပြီးဖြစ်ကြောင်း၊ အဓိကစိုက်ပျိုးသော စပါးမျိုးမှာ ဧရာမင်းစပါး၊ မနောသုခစပါး၊ ရွှေသွယ်ရင်စပါးများ ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပြည်တော်ရင်မျိုးစပါး ၇၅ဧက စမ်းသပ်စိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်သီတာအောင်ကပြောပြ၍ သိရသည်။

ပြည်တော်ရင် စပါးစိုက်ပျိုးရန် တစ်ဧကအတွက် စပါးတစ်တင်း ပျိုးထောင်ရကြောင်း၊ စပါးအထွက်မှာ တစ်ဧက တင်းတစ်ရာကျော် ထွက်ရှိကြောင်း၊ မျိုးစပါးတစ်တင်းခွဲလျှင် ငွေကျပ်နှစ်သောင်း ပေးရကြောင်း ငြိမ်းချမ်းသာဇံ ကျေးရွာမှ မိုးစပါးအသစ် ပြည်တော်ရင်စပါးစိုက်ပျိုးသူ ဦးစိုးမင်းက ပြောပြ၍ သိရသည်။

တစ်ဧကကုန်ကျမှုမှာ ပျိုးနုတ်ခ တစ်ဧကလျှင် ငွေကျပ် နှစ်သောင်းခွဲ၊ ကောက်စိုက်သမ တစ်ဦးလျှင် ငွေကျပ်လေး ထောင်၊ထွန်ယက်ခ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအပါအဝင် ငွေကျပ် သုံးသိန်းကျော် ရင်းနှီးရကြောင်း တောင်သူ ဦးစိုးမင်းက ဆက်လက် ပြောပြသည်။

တောင်သူများအနေဖြင့် စပါးအထွက်တိုးရန် ဆည်ရေအချိန်မှန်ရေး၊ ရာသီဥတုကောင်းမွန်ရေး လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment