Pages

Wednesday, August 29, 2018

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော် စတုတ္ထနေ့ ဆက်လက် ကျင်းပ






နေပြည်တော်  ၂၉-၈-၂ဝ၁၈

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော်  International Military Tatto (Spass kaya Tower)စတုတ္ထနေ့ကို သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ ( Red  Square) ၌ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတကာ စစ်တီးဝိုင်းအဖွဲ့များမှ တေးသီချင်းများ၊ ကကွက်များ၊ ပုံဖော်မှုများဖြင့် တစ်ဖွဲ့ချင်းစီအလိုက် ဖျော်ဖြေကြသည်။

မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့အနေဖြင့် ကွင်းအတွင်းသို့ ''တပ်မတော်'' စစ်ချီတေးသီချင်းအား တီးမှုတ်ဝင်ရောက်ပြီး (MYANMAR) စာလုံးအား  ''ပြည်သူ့တပ်မတော်''  စစ်ချီသီချင်းဖြင့်    ညီညာစွာပုံဖော်ပြသသည်။ ဆက်လက်၍ ညီညာမှုကိုပြသသော ကကွက်များဖြင့် ဖျော်ဖြေပြီး  ဧည့်ခံပုံစံနေရာယူ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ကျူးရေးစပ်ထားသော တေးသီချင်းတစ်ပုဒ်ဖြစ်သည့် ''စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်''နှင့် မြန်မာသံစဉ် တေးသီချင်းဖြစ်သော ''ဒိုးကလေး'' သီချင်းတို့အား တီးမှုတ်ဖျော်ဖြေသည်။

ယင်းနောက်  ''အောင်လံဝင့်ဝင့်   သမိုင်းအဆင့်ဆင့်''  တေးသီချင်းအား တီးမှုတ်လျက် ကွင်းအတွင်းမှ ညီညာစွာ ပြန်လည်ထွက်ခွာကြသည်။ ထို့နောက်  အဖွဲ့များသည်  ကွင်းအတွင်း၌ နေရာယူကြပြီး Spasskaya Tower 2018 သီချင်းများ အပါအဝင်  တေးသီချင်း နှစ်ပုဒ်အား သံပြိုင်တီးမှုတ်ကြပြီး FarewellSlavianka တေးသီချင်းကို တီးမှုတ်၍  ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment