Pages

Thursday, August 23, 2018

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရွှေကျင်မြို့နယ်၌ စာသင်ကျောင်းအချို့ ယာယီပိတ်



ရွှေကျင် ၂၃-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေ မှတ်အထက် ဆက်လက်ကျော်လွန် တည်ရှိနေသောကြောင့် သြဂုတ် ၁၇ ရက်မှ ၂၁ ရက်ထိ စာသင်ကျောင်းအချို့ ယာယီ ပိတ်ထားရကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်းတို့သည် ဇူလှိုင်လ တတိယပတ်၌ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာသောကြောင့် ရွှေကျင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၉၁ ကျောင်း ယာယီပိတ်ထားရပြီး အိမ်ထောင်စု၅၇၆၈စုမှလူ ၂၇၂၆၆ဦးကို ကယ်ဆယ်ရေး စခန်း၄၇ခုသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် သြဂုတ် ၁၇ရက်မှ ၂၁ ရက်ထိ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နေသောကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများသို့ ဒုတိယအကြိမ် ရေဝင်ရောက်ကာ အိမ်ထောင်စု၄၅စုမှ လူ၂၅၉ဦးနှင့် ကယ်ဆယ်ရေး စခန်းနှစ်ခုမှ ကျန်ရှိသော အိမ်ထောင်စု ၁၁၃စုမှ လူ၅၇၁ဦး စုစုပေါင်း အိမ်ထောင်စု ၁၅၈စုမှ လူဦးရေ၈၃ဝကို ကယ်ဆယ်ရေး စခန်းလေးခုသို့ ယာယီပြောင်းရွှေ့ပေးထားရပြီး မူလွန်စာသင်ကျောင်း ငါးကျောင်းမှာ ယာယီပိတ်ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

သြဂုတ် ၂၁ ရက် ညနေ ၆နာရီမိနစ်၃ဝ အချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တည်ရှိနေပြီး ရွှေကျင်ချောင်းရေမှာ စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment