Pages

Tuesday, July 31, 2018

(၉၁) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei နှင့်ဇနီးတို့ (၉၁)နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြစဉ်။

ရန်ကုန် ၃၁-၇-၂ဝ၁၈

(၉၁) နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းတွင် ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော တပ်မတော် အရာရှိကြီးများနှင့် ဧည့်သည်တော်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Mrs. Li Xiaoyan၊ စစ်သံမှူး Senior Colonel Xiong
Shaowei နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ တပ်မတော်သီချင်းကို တီးမှုတ်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးက နှုတ်ခွန်းဆက်စကား ပြောကြား၍ တက်ရောက်လာကြ သူများနှင့်အတူအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ တရုတ်နိုင်ငံ စစ်သံမှူးနှင့် ဇနီးတို့က (၉၁) နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး တရုတ်နိုင်ငံစစ်သံမှူးနှင့် ဇနီးတို့က တက်ရောက်လာကြ သူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment