Pages

Tuesday, July 31, 2018

ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အမှတ်(၂)သကြားစက် (ပျဉ်းမနား)မှ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၃၁-၇-၂ဝ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်အတွင်းရှိ သကြားစက်ကျေးရွာ၊ မအူပင်ကျေးရွာ၊ ကျွန်းဦးကျေးရွာနှင့် ဈေးကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် အမှတ်(၂)သကြားစက်(ပျဉ်းမနား)မှ ဝန်ထမ်းများအား ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါသကြားစက်၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျေးရွာဒေသခံ ပြည်သူများနှင့် ဝန်ထမ်းစုစုပေါင်း ၃၃၁ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများအား နေပြည်တော်ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး သကြားစက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တအာစာရအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုကို ဇူလိုင် ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment