Pages

Thursday, July 5, 2018

စိုက်ခင်းများ၌ လျှပ်စစ်ခြံစည်းရိုးကာရံနိုင်ရန် စက်များ၊ ဘက်ထရီအိုးနှင့် လျှပ်စစ်ကြိုး အခမဲ့ပေးမည်



ရန်ကုန် ၅-၇-၂ဝ၁၈

ဆင်နှင့် လူသဟဇာတ ဖြစ်ရေးအတွက် စိုက်ခင်းများ၌ လျှပ်စစ်ခြံစည်းရိုး ကာရံနိုင်ရန်အတွက် စက်များ၊ ဘက်ထရီအိုးများနှင့် လျှပ်စစ်ကြိုးများကို အခမဲ့ပေးသွား မည်ကြောင်း၊ ဆင်နှင့်လူ သဟဇာတ ဖြစ်ရေးအတွက် လျှပ်စစ်ခြံစည်းရိုး ကာရံရေးလုပ်ငန်းများကို ကျေးရွာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ပေးနေသည့် Smithsonian Institution (မြန်မာပရိုဂရမ်)၏ သတင်းများအရ သိရသည်။

ယခုအခါ တောတောင်နေရာ ဒေသများနှင့် နီးစပ်ရာဒေသ အချို့တွင် တောဆင်ရိုင်းများမှာ လူနေဒေသများနှင့် စိုက်ခင်းများသို့ ရောက်ရှိလာသဖြင့် အန္တရာယ်ကြုံတွေ့ရခြင်း၊ စိုက်ခင်းများပျက်စီး ဆုံးရှုံးရခြင်း စသည့်ဖြစ်စဉ် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ ကြရသည်။ ထို့ကြောင့် ဆင်နှင့်လူ သဟဇာတဖြစ်ရေးနှင့် လယ်သမားများ စိုက်ပျိုးထားသော စိုက်ခင်းများကို ဆင်များဝင်ရောက် ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်ခြံစည်ရိုးများ ကာရံရေး ဆောင်ရွက် လာခဲ့ကြသည်။ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ချောင်းဆောက်အုပ်စု၊ ဖလုံအုပ်စုတို့တွင် လျှပ်စစ်ခြံစည်းရိုးများ တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဇွန် ၂၉ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ဆင်နှင့် လူသဟဇာတ ဖြစ်ရေးနှင့် လယ်သမားများ စိုက်ပျိုးထားသော စိုက်ခင်းများကို ဆင်များ ဝင်ရောက်ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်ခြံစည်ရိုးများ ကာရံရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး Smithsonian Institution (မြန်မာပရိုဂရမ်) မှတာဝန်ရှိသူများက လျှပ်စစ်ခြံစည်းရိုးများ ကာရံနိုင်ရေး အတွက်လိုအပ်သည့် အချက်များ၊ တောင်သူများက ပြုလုပ်ဆောင်ရွက် ပေးရမည့်အချက်များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

ထိုသို့စိုက်ခင်းများကို လျှပ်စစ်ခြံစည်းရိုး ကာရံရာတွင် စိုက်ခင်းများသည် ဧက၂ဝ၊ ဧက၄ဝ၊ ဧက ၈ဝ စသည်ဖြင့် တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားရန် လိုအပ်ပြီး ကာရံရာတွင်လည်း ဆင်သွားနေကျ လမ်းများကို ချန်လှပ်၍ ကာရံရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment