Pages

Monday, July 9, 2018

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြေအောက်ရေ အသုံးများသဖြင့် ဆားဓာတ်များ မြေပေါ်တက်၍ စိုက်ပျိုးပင်များ ထိခိုက်နိုင်



မုံရွာ ၁၉-၇-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးရှိ လယ်ယာမြေများသည် စိမ့်ကိုင်သောမြေ အများစုဖြစ်ပြီး ဘုတလင်၊အရာတော်၊ ချောင်းဦး၊ မုံရွာဒေသတို့တွင် မြေအောက်ရေ အသုံးများသည့် အတွက်ဆားဓာတ်များ မြေပေါ်တက်လာ၍
စိုက်ပျိုးပင်များ ထိခိုက်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာထံမှ သိရသည်။

တောင်သူများ အနေဖြင့် လယ်ယာမြေတွင် လိုအပ်သည့် ဓာတ်များ ပြုပြင်ရမည့် အခြေအနေများကို သိရှိစစ်ဆေးလိုပါက မြေနမူနာများကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးဌာနသို့ ပေးပို့စစ်ဆေး နိုင်ကြောင်း သိရသည်။

"မြေပျက်တာအကြောင်း အမျိုးမျိုးရှိတယ်။ ရွှေတူးတာများတဲ့ ဟုမ္မလင်းဒေသဆိုရင် ပြဒါးအများ ဆုံးသုံးလို့ မြေပျက်တာတွေများတယ်။ ဒီစစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှာတော့ ပြဒါးကို မစစ်နိုင်သေးဘူး။ တောင်သူတွေ အနေနဲ့ ကိုယ့်မြေကောင်း၊ မကောင်းစစ်ဆေးတာ ကိုယ့်အတွက် အကျိုးရှိပါတယ်။ ကုန်ကျစရိတ်က ကိုယ်စစ်ချင်တဲ့ အပေါ်မူတည်ပြီး ကုန်ကျမှု ရှိပေမယ့် ကိုယ့်တစ်သက် လုပ်စားမယ့် လယ်ယာမြေကိုတော့ စစ်ဆေး ထားသင့်တယ်ဆိုတာ တောင်သူ အများစုသိဖို့ လိုအပ်နေပါသေးတယ်။ အထွက်လျော့သွားရင် အဖြေရှာဖို့လိုတယ်။ သီးနှံ အထွက်တိုးဖို့၊ ဈေးကွက်ဝင် သီးနှံဖြစ်ဖို့ဆိုရင် မြေစစ်တာကို လုပ်ထားဖို့လိုပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာက ပြောပြသည်။

ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေများပေါ်မူတည်၍ မြေယာများတွင် လိုအပ်သည့်ဓာတ်များ ထည့်သွင်းရန်ကိုလည်း တွက်ချက်ပေးနေပြီး စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း အနေဖြင့် မြေချဉ်ငံကိန်း PH Level နှင့် နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်၊ ဆားဓာတ်တို့ကို စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

"ဖရဲ၊ သခွားတွေကို ဧကရာချီစိုက်ပြီး ဓာတ်မြေသြဇာတွေ သုံးရတဲ့ ချောင်းဦးမြို့နယ်မှာ မြေယာအရည်အသွေး တွေကို အများဆုံး စစ်ဆေးပေးရတာ တွေရှိပါတယ်။ စစ်ဆေးလိုတဲ့ မြေနမူနာတွေကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနကို တိုက်ရိုက်ပို့လို့ ရသလို နီးစပ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွေကနေလဲ ပေးပို့စစ်ဆေးလို့ ရပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment