Pages

Wednesday, July 11, 2018

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ပေးအပ်



ဒီးမော့ဆို ၁၁-၇-၂ဝ၁၈

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ပေးအပ်ခြင်းကို ဇူလိုင်၉ ရက် မွန်းလွဲ ၂နာရီက လိုဘာခိုကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်က ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်ကြည်ဝင်းက ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများတွင် သီးနှံအစားထိုး စိုက်ပျိုးရန် သင့်တော်သော မျိုးနှင့် နည်းပညာများအကြောင်း ဆွေးနွေး ပြောကြားပြီး တက်ရောက် လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက မေးမြန်းချက် အပေါ်ပြန်လည် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေ ၃၇ ဒသမ ၁၄ ဧကအတွက် ပုလဲသွယ်မျိုးစပါး တစ်ဧကလျှင် ၈ ကီလို နှုန်းဖြင့် စုစုပေါင်း မျိုးစပါး ၂၉၇ ကီလိုနှင့် ကွန်ပေါင်းဓာတ်မြေသြဇာ ၃၇ အိတ်ကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးစိန်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment