Pages

Tuesday, July 24, 2018

ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်လိုအပ်နေ



ရန်ကုန် ၂၄-၇-၂ဝ၁၈

မြန်မာနိုင်ငံတွင် ရေလုပ်ငန်း ကဏ္ဍဖြစ်သည့် ငါးမွေးမြူရေး၊ နိုင်ငံခြာတင်ပို့ ရောင်းချခြင်း စသည်တို့နှင့် ပတ်သက်ဆက်နွှယ် နေသည့် လုပ်ငန်းအားလုံး ဖွံ့ဖြိုးတိုးတက်လာရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ပြည်ပတင်ပို့ရာတွင် ငါးဈေးကွက်အတွင်း ကုန်ချိန် လိုအပ်ချက် အာမမခံနိုင်ခြင်း၊ နိုင်ငံခြားသို့ တင်ပို့နိုင်မည့် ဈေးကွက် ကောင်းမွန်သည့် ငါးမျိုးများ မမွေးမြူနိုင်ခြင်း၊ ငါးစာကုန်ကြမ်းများ မှာလည်း ဈေးမြင့်တက် နေခြင်းများ ဖြစ်နေကြောင်း သိရသည်။

ပြည်ပတင်ပို့သူများ အနေဖြင့်လည်း နိုင်ငံတကာ ဈေးကွက်ရှိ ငါးအခြေအနေနှင့် လိုအပ်သည့် ကုန်ချိန်များကို ငါးမွေးတောင် သူများနှင့် ချိတ်ဆက်လုပ်ဆောင် နေရမည်ဖြစ်ကြောင်း၊ အစာဈေး မမြင့်တက်ရေး နှင့်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် နေသူများနှင့် ငါးမွေးတောင်သူများကြား ချိတ်ဆက်လုပ်ဆောင် မှုများလည်း ရှိထားမည်ဆိုပါက ရေလုပ်ငန်းမှာဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

"အားလုံးလိုအပ် နေတာပါ။ မွေးမြူရေး သမားကလဲ ဈေးကွက်လိုအပ် ချက်ကိုမသိဘူး။ အစာကလဲ စိုက်ပျိုးနေသူတွေနဲ့ မွေးမြူသူတွေက ချိတ်မိမနေဘူး ဖြစ်နေတယ်။ အဲဒီတော့ မွေးချင်တာ မွေးနေကြတယ်။ ပြည်ပတင်ပို့မှုကလဲ ဈေးကွက်လိုအပ် နေတဲ့ငါးတွေ အရေအတွက်မရရင် ထိခိုက်မှာပါပဲ"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှာ အမေရိကန် ဒေါ်လာသန်း ၇ဝဝ ပင်မပြည့်သည့် အခြေအနေတွင် ရှိနေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အကူညီများ ရရှိနိုင်ရန်လည်း လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment