Pages

Tuesday, July 3, 2018

အင်ပါယာတစ်ရှူးစက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှု ညှိနှိုင်း ဖြေရှင်းခြင်းမရှိပါက ဆက်လက်ဆန္ဒ ထုတ်ဖော်တောင်းဆိုမည်



မန္တလေး ၃-၇-၂ဝ၁၈

မန္တလေး ပြည်ကြီး တံခွန်မြို့နယ် ၆၅ လမ်း ကုသိုလ်တော်လမ်းရှိ အင်ပါယာ တစ်ရှူးစက်ရုံတွင် အလုပ်ရှင် အလုပ်သမား ပြေလည်မှုမရှိ၍ အလုပ်သမားများဘက်မှ ယနေ့နံနက်၈ နာရီမှ ညနေ ၅နာရီထိ ဆန္ဒထုတ်ဖော်ခဲ့ပြီး ညှိနှိုင်းဖြေရှင်း မပေးပါက ဆက်လက်ဆန္ဒ ထုတ်ဖော်တောင်းဆို သွားမည် ဖြစ်ကြောင်း တစ်ရှူးစက်ရုံ အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့မှ သိရသည်။

သပိတ်မှောက်ရာတွင် အဆိုပါ စက်ရုံမှ အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၄၂ ဦးပါဝင် သပိတ်မှောက်ခဲ့ကြပြီး ၎င်းတို့လိုအပ်သည့် ကျွမ်းကျင်ကြေး ပြန်လည်ရလိုခြင်း၊ EC စာချုပ်ဖျောက်ဖျက်မှု ဖြေရှင်းပေးရေး၊လုပ်ငန်းခွင် ခွဲခြားဆက်ဆံခြင်း၊ ညှိနှိုင်းဖျန်ဖြေရေး သဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊ OTကြေးပြန်လည် ရယူလိုခြင်း စသည့်အချက်များ အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆို ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ၄၂ ဦး ဒီနေ့မနက် ၈ နာရီကစပြီး ဆန္ဒထုတ်ဖော်တယ်။ သက်ဆိုင်ရာဌာန တွေကလဲ ဝင်ရောက်ဖြေရှင်း ပေးတာမရှိပါဘူး။ အလုပ်ရှင်ဘက်ကလဲ တုံ့ပြန်မှုမရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်း မပေးဘူးဆိုရင် ဆက်လက်ဆန္ဒထုတ်ဖော် တောင်းဆိုသွားမှာပါ" ဟုအင်ပါယာ တစ်ရှူးစက်ရုံ အခြေခံအလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးဇင်နိုင်ဝင်းက ပြောပြသည်။

လက်ရှိ ဆန္ဒထုတ်ဖော်မှုတွင် တစ်စုံတစ်ရာ ဖြေရှင်းညှိနှိုင်းခြင်း မရှိပါက ၁ဝ ရက်တိုင်ဆက်လက် ဆန္ဒထုတ်ဖော် တောင်းဆို သွားမည်ဖြစ်ပြီး ၁ဝ ရက်အတွင်း ပြေလည်မှုမရှိပါက စုဆောင်းထားသည့် မှတ်တမ်းအချက်အလက် များနှင့်တကွ သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment