Pages

Tuesday, June 26, 2018

လိုင်စင်မဲ့ယာဉ်များတွင် VIS စတေကာ အတုပြုလုပ်ခြင်းများ ဖမ်းဆီးနိုင်မှု သတင်းစာရှင်းလင်း



ရန်ကုန် ၂၆-၆-၂ဝ၁၈

လိုင်စင်မဲ့ယာဉ်များတွင် ယာဉ်စစ်ဆေးပြီး ကြောင်းနှင့် သက်တမ်း ကုန်ဆုံးရက် ကြော်ငြာသည့် Vehicle Inspection Sticker (VIS) စတေကာအတု ပြုလုပ်ခြင်းများကို ဖမ်းဆီးနိုင်မှု သတင်းစာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည်။

''ကျွန်တော်တို့ လူမှုကွန်ရက် စာမျက်နှာရဲ့ NYI LAY NYO အကောင့်မှာ ကြော်ငြာထားပါတယ်။ VIS စတေကာဆိုတာ ယာဉ်စစ်ဆေးပြီးကြောင်းနဲ့ သက်တမ်းဘယ်တော့ ကုန်မယ်ဆိုတာကို ယာဉ်ပိုင်ရှင်တွေ အနေနဲ့
အလွယ်တကူ သိနိုင်အောင် ကားရှေ့မှန်ထောင့်မှာ ကပ်တဲ့စတေကာပါ။ ယာဉ်ထိန်းရဲတွေ အနေနဲ့လည်း ရုတ်တရက် စစ်ဆေးမယ်ဆိုရင် ဒီစတေကာက ယာဉ်စစ်ဆေးပြီးကြောင်း အသိအမှတ်ပြု ထားတာကို ထင်သာမြင်သာစေတယ်။ ဒါကို ဒီအကောင့်ပိုင်ရှင်က လွယ်လွယ်ကူကူနဲ့ လုပ်ပေးနိုင်တယ်။ အလွတ်လိုချင်လား၊ လုပ်ပြီးသား လိုချင်လားဆိုပြီး ကြော်ငြာတယ်။ အပ်တဲ့အခါ တစ်စောင်ကိုငွေကျပ် သုံးသောင်းကျမယ်။ ဒါနဲ့ ဇွန် ၂၁ ရက်မှာ သူတို့ချိန်းတဲ့ ဒဂုံတက္ကသိုလ်နားကို ကျွန်တော်တို့ က-ည-နနဲ့ ရဲတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားရောက်ဖမ်းဆီး နိုင်ခဲ့ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ထိုသို့ဖမ်းဆီးရာတွင် တရားခံ NYI LAY NYO အကောင့်ပိုင်ရှင် စိုးသီဟ(ခ) မောင်လေးနှင့်အတူ VIS စတေကာ မပြုလုပ်ရသေးသည့် ပစ္စည်းများနှင့် လုပ်ပြီးသား VIS စတေကာများ၊ စည်ပင်ဘီးခွန် အတုပြုလုပ် ထားသော စတေကာများ၊ စတေကာအတု ပြုလုပ်ရာတွင် အသုံးပြုသော Laptop နှင့် ကာလာပရင်တာများကို သိမ်းဆည်း ရမိကြောင်း သိရသည်။ ထပ်မံ၍ NYI LAY NYO  အကောင့်ပိုင်ရှင်အား ဆက်လက်စစ်ဆေးရာ နေပြည်တော် ပျဉ်းမနားမြို့၌ နေထိုင်သော ဇွဲသက်ပိုင် (ခ) စိုင်းဝဏ္ဏကို လည်း ဇွန် ၂၂ ရက် ညပိုင်းက ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေမှာ ယခုနှစ်အထိ ၁ဝ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment