Pages

Friday, June 1, 2018

ပုလဲမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးသော သဘာဝသယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းဖြစ်



နေပြည်တော် ၁-၆-၂ဝ၁၈

ပုလဲသည် သဘာဝသက်ရှိကို အခြေခံ၍ လူတို့၏ပံ့ပိုး လုပ်အားဖြင့် သဘာဝအတိုင်း မွေးမြူထုတ်လုပ်ရသော သယံဇာတဖြစ်၍ ပုလဲမွေးမြူ ထုတ်လုပ်ရေးသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးသော လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ကောက်နုတ်ချက် များအရ သိရသည်။

ထို့ကြောင့် ပုလဲသည်မွေးမြူ ထုတ်လုပ်၍ ကုန်သွားသော သယံဇာတပစ္စည်း မဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတ တစ်ခုဖြစ်ပြီး သက်ရှိတို့၏ ဂေဟဖြစ်စဉ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ပြုနေသော လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ပုလဲအမျိုးအစား နှစ်မျိုးရှိပြီး သဘာဝပုလဲနှင့် မွေးမြူရေးပုလဲတို့ ဖြစ်ကြောင်း၊ ပုလဲသည် ကနုကမာကောင် မျိုးနွယ်များမှ ထွက်ရှိကြောင်း၊ အခွံနှစ်ခုပါသော ကနုကမာကောင်အမျိုးပေါင်း ၈ဝဝဝ ခန့် ရှိသည့်အနက် အမျိုး ၂ဝ ခန့်မှသာ ပုလဲထွက်ရှိကြောင်း၊ ရေချိုတွင်ရှင်သန်ပြီး ပုလဲထုတ်လုပ်သည့် ကနုကမာမျိုးကို ခုံးကောင်ဟုခေါ်ကြောင်း၊ ရေငန်တွင်ရှင်သန် ပေါက်ပွားပြီး ပုလဲထုတ်လုပ်နိုင်သည့် ကနုကမာကောင်မျိုးကို မုတ်ကောင်ဟု ခေါ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော မွေးမြူရေးပုလဲ အမျိုးအစား လေးမျိုးရှိပြီး ရေချိုပုလဲတစ်မျိုးနှင့် ရေငန်ပုလဲသုံးမျိုး ဖြစ်ကြောင်း သိရသည်။ ရေချိုပုလဲကို တရုတ်နိုင်ငံတွင် မွေးမြူထုတ်လုပ်ပြီး ရေငန်ပုလဲ သုံးမျိုးဖြစ်သည့် ဂျပန်ပုလဲ၊ ပုလဲနက်နှင့် တောင်ပင်လယ် ပုလဲတို့ကို သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင်သာ မွေးမြူထုတ်လုပ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ကောက်နုတ်ချက်များအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment