Pages

Friday, June 1, 2018

ဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဖမ်းဆီးရမိ



ဝိုင်းမော် ၁-၆-၂ဝ၁၈

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း ငွေကျပ် သိန်း ၅ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသမီးတစ်ဦးကို သတင်းအရ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဖန်အောင်နှင့် တပ်ဖွဲ့ဝင်များသည် မေ ၃ဝရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ဝိုင်းမော်-ဗန်းမော်သွားကားလမ်းနှင့် ရွှေညောင်ပင်-တာလောကြီး ကျေးရွာသွား ကားလမ်းဆုံတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှု ပြုလုပ်မည့် ကြိုတင်သတင်းအရ စောင့်ဆိုင်းနေစဉ် မနှင်းနှင်းအေးကို တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်း၏ယာဘက်လက်တွင် ကိုင်ဆောင်ထားသည့် အဖြူရောင် ပီနံအိတ်အတွင်းမှ အနီရောင် ခရီးဆောင်အိတ် အတွင်းရောင်စုံ ဆပ်ပြာခွက် ၄၄ ခွက်တွင် ကာလတန်ဖိုးငွေကျပ် ၃၇၈၂ဝဝဝဝ ရှိ ဘိန်းဖြူမှုန့် အလေးချိန် ၄၈၄ ဂရမ်၊ အပြာရောင် ကပ်ခွာအိတ် ၁၉ အိတ်အတွင်းမှ WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၃၇ဝ၅ ပြားနှင့် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် ၁၁အိတ်အတွင်းမှ ၈၈/၁စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၁၃၄ပြား၊ ကာလတန်ဖိုးငွေကျပ် ၁၇၅၁၇ဝဝဝရှိ စိတ်ကြွဆေးပြား ၅၈၃၉ပြား၊ မူးယစ်ဆေးဝါး ရောင်းရငွေကျပ် ၉ဝဝဝဝ၊ ၎င်းအမည်ပါနိုင်ငံသား စိစစ်ရေးကတ်တစ်ခု၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာ၌ အသုံးပြုသည့်လက်ကိုင်ဖုန်း တစ်လုံးတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ နှင်းနှင်းအေး မြစ်ကြီးနားမြို့နေသူကို ဝိုင်းမော်မြို့မရဲစခန်းက မယ(ပ)၆၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉ (က)/၂ဝ(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment