Pages

Monday, June 11, 2018

ဂျပန်နည်းပညာသုံး ဒေါပုံတံတားသစ် ယာယီဖွင့်လှစ်၍ ယာဉ်များ စတင်ဖြတ်သန်း



ရန်ကုန် ၁၁-၆-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးရှိ ပုဇွန်တောင် ချောင်းကိုဖြတ်သန်းကာ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် ဂျပန်နည်းပညာသုံး ဒေါပုံတံတား၊ ဆက်စပ်ရထား လမ်းခုံးကျော် တံတားနှင့်ကားလမ်း ခုံးကျော်တံတား ချဉ်းကပ်လမ်း စီမံကိန်းများသည် ယခုအခါတွင် ၉၅ ရာခိုင်နှုန်းကျော်ပြီး စီးနေပြီဖြစ်ရာ ယာဉ်များစတင် ဖြတ်သန်းခွင့်ကို ယနေ့နံနက်ပိုင်းမှစ၍ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်လင်းထံမှ သိရသည်။

''ဒီနေ့မှာတော့ ဒေါပုံတံတား ယာယီ ဖြတ်သန်းခွင့်ကို စတင်ခွင့်ပြု လိုက်ပါပြီ။ ဂျပန်အင်ဂျင်နီယာတွေ တည်ဆောက်နေတဲ့ တံတားအပိုင်းက ချဉ်းကပ် လမ်းလုပ်ငန်းတွေနဲ့ ကျွန်တော်တို့ ဆောက်လုပ်ရေးက လုပ်နေတဲ့ခုံးကျော် တံတားတွေရဲ့ ချဉ်းကပ်လမ်း လုပ်ငန်းတွေက တချို့အပိုင်းတွေမှာ ကျန်နေသေးတယ်။ ဒါကြောင့် ကျန်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ရင်း ယာဉ်တွေလည်း ဖြတ်သန်းသွားလာ နိုင်အောင် ယာယီဖွင့်လှစ် ပေးလိုက်တာပါ။ ကျန်နေတာက ဒေါပုံဘက်မှာရှိတဲ့ ချဉ်းကပ်လမ်းနဲ့ ပုဇွန်တောင်ဘက်ခြမ်းမှာ ရှိနေတဲ့ ချဉ်းကပ်လမ်းတွေကို ဆက်လိုက်ရုံပါ။ မှန်းထားတာတော့ ဇွန် ၂ဝ ရက်လောက် အပြီးလုပ်သွားဖို့ မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီတံတားအမျိုးအစားက ပထမဆုံး ကြိုးတံတားပါ။ လေးလမ်းသွား ဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့စေမှာပါ'' ဟု ဦးကျော်လင်းက ပြောသည်။

ပုဇွန်တောင်-ဒေါပုံ လေးလမ်းသွား တံတား၏ ယာဉ်ဖြတ်သန်းနိုင်မှုသည် ယခုအခါတွင် ချဉ်းကပ်လမ်းစီမံကိန်း လုပ်ငန်းများနှင့် တံတားပလက်ဖောင်း နံရံများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် အသွား၊ အပြန်ယာယီ နှစ်လမ်းဖွင့် ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါပုံဘက်မှ ယာဉ်များသည် တံတားသစ်ပေါ်သို့ ဖြတ်သန်းကာ ပုဇွန်တောင်ဘက်သို့ တစ်လမ်းမောင်း စနစ်ဖြင့် မင်္ဂလာဈေး၊ ပုဇွန်တောင်နှင့် စက်ဆန်းဘက်သို့ သွားနိုင်မည်ဖြစ်သည်။ မဂၤလာေ

ရန်ကုန် ၁၁-၆-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးရှိ ပုဇွန်တောင် ချောင်းကိုဖြတ်သန်းကာ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် ဂျပန်နည်းပညာသုံး ဒေါပုံတံတား၊ ဆက်စပ်ရထား လမ်းခုံးကျော် တံတားနှင့်ကားလမ်း ခုံးကျော်တံတား ချဉ်းကပ်လမ်း စီမံကိန်းများသည် ယခုအခါတွင် ၉၅ ရာခိုင်နှုန်းကျော်ပြီး စီးနေပြီဖြစ်ရာ ယာဉ်များစတင် ဖြတ်သန်းခွင့်ကို ယနေ့နံနက်ပိုင်းမှစ၍ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်လင်းထံမှ သိရသည်။

''ဒီနေ့မှာတော့ ဒေါပုံတံတား ယာယီ ဖြတ်သန်းခွင့်ကို စတင်ခွင့်ပြု လိုက်ပါပြီ။ ဂျပန်အင်ဂျင်နီယာတွေ တည်ဆောက်နေတဲ့ တံတားအပိုင်းက ချဉ်းကပ် လမ်းလုပ်ငန်းတွေနဲ့ ကျွန်တော်တို့ ဆောက်လုပ်ရေးက လုပ်နေတဲ့ခုံးကျော် တံတားတွေရဲ့ ချဉ်းကပ်လမ်း လုပ်ငန်းတွေက တချို့အပိုင်းတွေမှာ ကျန်နေသေးတယ်။ ဒါကြောင့် ကျန်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ရင်း ယာဉ်တွေလည်း ဖြတ်သန်းသွားလာ နိုင်အောင် ယာယီဖွင့်လှစ် ပေးလိုက်တာပါ။ ကျန်နေတာက ဒေါပုံဘက်မှာရှိတဲ့ ချဉ်းကပ်လမ်းနဲ့ ပုဇွန်တောင်ဘက်ခြမ်းမှာ ရှိနေတဲ့ ချဉ်းကပ်လမ်းတွေကို ဆက်လိုက်ရုံပါ။ မှန်းထားတာတော့ ဇွန် ၂ဝ ရက်လောက် အပြီးလုပ်သွားဖို့ မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီတံတားအမျိုးအစားက ပထမဆုံး ကြိုးတံတားပါ။ လေးလမ်းသွား ဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့စေမှာပါ'' ဟု ဦးကျော်လင်းက ပြောသည်။

ပုဇွန်တောင်-ဒေါပုံ လေးလမ်းသွား တံတား၏ ယာဉ်ဖြတ်သန်းနိုင်မှုသည် ယခုအခါတွင် ချဉ်းကပ်လမ်းစီမံကိန်း လုပ်ငန်းများနှင့် တံတားပလက်ဖောင်း နံရံများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် အသွား၊ အပြန်ယာယီ နှစ်လမ်းဖွင့် ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါပုံဘက်မှ ယာဉ်များသည် တံတားသစ်ပေါ်သို့ ဖြတ်သန်းကာ ပုဇွန်တောင်ဘက်သို့ တစ်လမ်းမောင်း စနစ်ဖြင့် မင်္ဂလာဈေး၊ ပုဇွန်တောင်နှင့် စက်ဆန်းဘက်သို့ သွားနိုင်မည်ဖြစ်သည်။ မင်္ဂလာဈေးနှင့် ပုဇွန်တောင် ဘက်မှလာသော ယာဉ်များသည် ဒေါပုံတံတား သစ်ပေါ်သို့ တစ်လမ်းမောင်း အဖြစ်လည်းကောင်း၊ သာကေတတံတား ဟောင်းမှနှစ်လမ်းမောင်း အဖြစ်လည်းကောင်း အသုံးပြု သွားလာနိုင်သည်။

လက်ရှိ အနေအထားအရ လျှပ်စစ်မီးတိုင် စိုက်ခြင်း၊ သွယ်တန်းခြင်း လုပ်ငန်းများ၊ လူသွားလမ်းကြောင်းအတွက် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ချဉ်းကပ်လမ်း ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေမြောင်းစနစ် လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လတွင် တံတားစီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းတွင် တံတားဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ တံတားကြီးနှင့် ပြိုင်တူတည်ဆောက် နေသော ချဉ်းကပ်လမ်းနှင့် ဆက်စပ်နေသည့် ပတ်လမ်းများငါးခု ရှိသည့်အနက် လေးခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး တစ်ခုကို ဂျပန်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ကာ ပတ်လမ်းအရှည် စုစုပေါင်း ၇၂၃ ဒသမ ၅ မီတာရှိသည်။ ဆက်စပ်ရထားလမ်း ခုံးကျော်တံတားနှင့် ကားလမ်းခုံးကျော် တံတားချဉ်းကပ်လမ်း (မင်္ဂလာတောင်ညွန့် ဘက်ခြမ်း)ကို တည်ဆောက်ပြီး ကတ္တရာကွန်ကရစ် ခင်းခြင်း လုပ်ငန်းများအနေဖြင့် မင်္ဂလာတောင်ညွန့် ဘက်ခြမ်းနှင့် ဒေါပုံဘက်ခြမ်းအား ကတ္တရာကွန်ကရစ် ၆၄၅၃ တန် ခင်းကျင်း ဆောင်ရွက်မည်ဖြစ်ကာ ဒေါပုံဘက်ခြမ်းတွင် ၂ ပေ အကျယ် ရေမြောင်း ပေ ၉၄ဝ နှင့် ၃ ပေအကျယ် ရေမြောင်း ပေ ၃၂ဝ ဖြင့် ပေစုစုပေါင်း ပေ ၁၂၆ဝ ထည့်သွင်းဆောက်လုပ် ထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydailyဈးနှင့် ပုဇွန်တောင် ဘက်မှလာသော ယာဉ်များသည် ဒေါပုံတံတား သစ်ပေါ်သို့ တစ်လမ်းမောင်း အဖြစ်လည်းကောင်း၊ သာကေတတံတား ဟောင်းမှနှစ်လမ်းမောင်း အဖြစ်လည်းကောင်း အသုံးပြု သွားလာနိုင်သည်။

လက်ရှိ အနေအထားအရ လျှပ်စစ်မီးတိုင် စိုက်ခြင်း၊ သွယ်တန်းခြင်း လုပ်ငန်းများ၊ လူသွားလမ်းကြောင်းအတွက် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ချဉ်းကပ်လမ်း ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေမြောင်းစနစ် လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လတွင် တံတားစီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းတွင် တံတားဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ တံတားကြီးနှင့် ပြိုင်တူတည်ဆောက် နေသော ချဉ်းကပ်လမ်းနှင့် ဆက်စပ်နေသည့် ပတ်လမ်းများငါးခု ရှိသည့်အနက် လေးခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး တစ်ခုကို ဂျပန်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ကာ ပတ်လမ်းအရှည် စုစုပေါင်း ၇၂၃ ဒသမ ၅ မီတာရှိသည်။ ဆက်စပ်ရထားလမ်း ခုံးကျော်တံတားနှင့် ကားလမ်းခုံးကျော် တံတားချဉ်းကပ်လမ်း (မင်္ဂလာတောင်ညွန့် ဘက်ခြမ်း)ကို တည်ဆောက်ပြီး ကတ္တရာကွန်ကရစ် ခင်းခြင်း လုပ်ငန်းများအနေဖြင့် မင်္ဂလာတောင်ညွန့် ဘက်ခြမ်းနှင့် ဒေါပုံဘက်ခြမ်းအား ကတ္တရာကွန်ကရစ် ၆၄၅၃ တန် ခင်းကျင်း ဆောင်ရွက်မည်ဖြစ်ကာ ဒေါပုံဘက်ခြမ်းတွင် ၂ ပေ အကျယ် ရေမြောင်း ပေ ၉၄ဝ နှင့် ၃ ပေအကျယ် ရေမြောင်း ပေ ၃၂ဝ ဖြင့် ပေစုစုပေါင်း ပေ ၁၂၆ဝ ထည့်သွင်းဆောက်လုပ် ထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment