Pages

Monday, June 11, 2018

အိမ်ရာဝယ်ယူ လိုသူဝန်ထမ်းများနှင့် အရစ်ကျဝယ်ယူ လိုသူများအတွက် Biggest Home Loan Expo ပွဲကျင်းပ



ရန်ကုန် ၁၁-၆-၂ဝ၁၈

အိမ်ရာဝယ်ယူလိုသူ ဝန်ထမ်းများနှင့် အရစ်ကျဝယ်ယူ လိုသူများအတွက် အရစ်ကျစနစ်ဖြင့် အိမ်ခြံမြေများကို ဝယ်ယူနိုင်ရန် Biggest Home Loan Expo အိမ်ရာပြပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါပွဲကို ဇွန် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ကျင်းပလျက်ရှိပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ကာ အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူ မည့်သူများ အနေဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ဆောက်လုပ်ပြီး အိမ်ရာတိုက်ခန်း များကို အဓိကအနေဖြင့် ရောင်းချပေးကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေက တိုက်ခန်း၊ ကွန်ဒို၊ မီနီကွန်ဒို စုစုပေါင်း လေးထောင်ကျော်နဲ့ ပြင်ဦးလွင်မြို့က ခြံမြေတွေ ရောင်းချခဲ့တာပါ။ ဈေးနှုန်း အနေနဲ့အနိမ့်ဆုံး ငွေကျပ်သိန်း ၂ဝဝ ကနေ အမြင့်ဆုံး ငွေကျပ် သိန်း ၄ဝဝဝ အထိရှိပါတယ်''ဟု Biggest Home Loan Expo ကုမ္ပဏီတည်ထောင်သူ ကိုကောင်းသူဝင်းက ပြောသည်။

ယင်းပွဲတွင် တိုက်ခန်း၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူပါက တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးချေ၍ ၁ဝ နှစ်မှ ၁၅ နှစ်အထိနှစ်ရှည်အဖြစ် အရစ်ကျဝယ်ယူနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment