Pages

Monday, June 4, 2018

မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာ န်များကို ထိန်းသိမ်းလျက်ရှိ



နေပြည်တော် ၄-၆-၂ဝ၁၈

မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်)၏ ကောက်နုတ်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ထို့ပြင် ဟိမဝန္တာတောင်တန်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်တို့နှင့် ဆက်စပ်တည်ရှိသဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အမျိုးအစား စုံလင်ပေါများစွာတွေ့ရှိရပြီး အဆိုပါ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်အမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကား ခြင်းတို့ကြောင့် အချို့မျိုးစိတ်များ မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်များ ရေရှည်တည်တံ့ စေရေးအတွက် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မျိုးသုဉ်းမည့် တောရိုင်းတိရစ္ဆာန်များကို လေ့လာစာရင်း ကောက်ယူမှု မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ မျိုးစိတ် ၂၅၁မျိုး၊ ငှက်မျိုးစိတ် ၁ဝ၆၅မျိုး၊ တွားသွားသတ္တဝါမျိုးစိတ်၁၈၇မျိုး၊ ကုန်းနေရေနေသတ္တဝါ မျိုးစိတ် ၁၂၉ မျိုး၊ ရေချိုငါးမျိုးစိတ် ၃၁ဝနှင့် ရေငန်ငါးမျိုးစိတ် ၄၆၅မျိုး တို့ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန(နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment