Pages

Thursday, June 28, 2018

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများပေးသွားမည်



နေပြည်တော် ၂၈-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အရေးကြီးသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အတွက်နိုင်ငံတစ်ဝန်း လုံးတွင်စိုက်ပျိုးရေး နည်းပညာ သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများကို ယခုနှစ်မှစတင်ကာ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် နေရာတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ရရှိအသုံးပြု နိုင်ရန်အတွက် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများ၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို အကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိသည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင်ပါဝင်သည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ တစ်ဝန်းလုံးတွင် စိုက်ပျိုးရေး နည်းပညာသင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများကို ပြုလုပ်ပေးသွားမည် ဖြစ်သည်။

"ဒီကိစ္စကို လွှတ်တော်မှာလဲ ဆွေးနွေးထားပြီးပါပြီ။ အခုဆိုလဲ ကျွန်တော်တို့ဝန်ကြီး ဌာနကစိုက်ပျိုး ပညာပေးရေးနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းကျောင်း တွေဖွင့်ပြီးတောင်သူတွေ ကိုသင်တန်း တွေပေးနေတာ လဲရှိပါတယ်။ ပြည်သူ့ လွှတ်တော်ကလဲ အတည်ပြုထားတော့ နိုင်ငံတစ်ဝန်းလုံးမှာ ဆက်လက်ဆောင်ရွက် သွားတော့မှာပါ" ဟု စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပြသည်။

ထိုသို့တောင်သူများကို သင်တန်းများ ပို့ချပေးပြီး ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် တောင်သူများ အနေဖြင့်စိုက်ပျိုးရေး နည်းပညာများကို သိရှိကာလူမှုစီးပွား ကဏ္ဍဖွံ့ဖြိုး တိုးတက်စေမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment