Pages

Friday, June 1, 2018

ဟားခါးမြို့တွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး၊ လူသုံးဦးသေဆုံး



ဟားခါး ၁-၆-၂ဝ၁၈

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်က မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဒေါ်ဝေကျဲမ်း၏ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းအရ ဟားခါးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးကျုံးနုံးထန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်သုံးစီး၊အုပ်ချုပ်မှု ယာဉ်နှစ်စီးတို့ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂နာရီ မိနစ်၂ဝတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဒေါ်ဝေကျဲမ်း၏ နေအိမ်သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်တစ်လုံး၊ ဦးအောင်အောင်၏ သွပ်မိုး၊အုတ်ကာ၊ ပျဉ်ခင်းသုံးထပ် နေအိမ်တစ်လုံး၊ လေးခန်းတွဲဆိုင်ခန်း တစ်လုံး၊ ဦးနီကျုံး၏ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်းသုံးထပ် နေအိမ်တစ်လုံး၊ စုစုပေါင်းနေအိမ် သုံးလုံးပျက်စီး ဆုံးရှုံးခဲ့ပြီး ဒေါ်ဝေကျဲမ်းဟားခါးမြို့ ဈေးသစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ဗန်ဘွေဇီး၊ ဒေါ်အုန်ဝှာတို့ သေဆုံးကာ ဒေါ်ခင်လေးစိန် (ဘ) ဦးအယ်လ်ဘား ဈေးသစ်ရပ်ကွက် ဟားခါးမြို့နေသူတွင် မျက်နှာနှင့်လက်နှစ်ဖက် မီးဟပ်ဒဏ်ရာများ ရရှိခဲ့ပြီးစုစုပေါင်း တန်ဖိုးငွေကျပ် ၂၈၇၇ဝဝဝဝခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝေကျဲမ်းကို ဟားခါးမြို့မရဲစခန်းက(ပ) ၂၁၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment