Pages

Friday, June 1, 2018

မန္တလေးဘူတာကြီး ခုံးကျော်တံတားကို ယနေ့ကစ၍ အခမဲ့ ဖြတ်သန်းခွင့်ပြု



မန္တလေး ၁-၆-၂ဝ၁၈

မန္တလေးမြို့ ၇၈ လမ်းနှင့် ၇၉ လမ်းကို ဖြတ်သန်း ဖောက်လုပ်ထားသည့် ဘူတာကြီး ခုံးကျော်တံတားကို ဇွန် ၁ ရက် (ယနေ့ ) ကစ၍ အခမဲ့ဖြတ်သန်း သွားလာခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ဦးမျိုးဝင်းက ပြောပြ၍ သိရသည်။

အဆိုပါခုံးကျော် တံတား ဖြတ်သန်းခွင့်ကို မြန်မာ့ မီးရထားဌာနက ကောက်ခံလျက်ရှိရာ ယခုအခါ မန္တလေးမြို့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် ပူးပေါင်းပါဝင်သော အားဖြင့် ယာဉ်ဖြတ်သန်းခွင့် ကောက်ခံမှုကို ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

"အရင်က ဖြတ်သန်းမယ်ဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေကို သတ်မှတ်နှုန်းနဲ့ ဖြတ်သန်းခ ကောက်ခဲ့ပါတယ်။ မန္တလေးမြို့ ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ ကောက်ခံမှု မပြုတော့ပါဘူး"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးဘူတာကြီးသည် ၇၈လမ်းနှင့် ၇၉လမ်းကြား၊ ၂၇လမ်းမှ ၃၄လမ်းထိ တောင်မြောက် တည်ရှိနေပြီး အနောက်ဘက်နှင့် အရှေ့ဘက်သို့ ဖြတ်သန်းနိုင်ရန် အတွက် လမ်း ၃ဝ တွင် ဘူတာကြီးကို ဖြတ်လျက် ယာဉ်များသွားလာ နိုင်ရန် ခုံးကျော်တံတားကို မြန်မာ့မီးရထားက ၂ဝဝဝ ပြည့်နှစ်က စတင်၍ ယာဉ်ဖြတ်သန်းခ ကောက်ခံခဲ့ကြောင်း သိရသည်။

ခုံးကျော်တံတား ဖြတ်သန်းခကို နံနက် ၆ နာရီမှ ည ၉ နာရီထိ ကောက်ခံခဲ့ပြီး ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ဝ၊ မော်တော်ယာဉ် တစ်စီးလျှင် ငွေကျပ် ၁ဝဝ သတ်မှတ်၍ တင်ဒါလုပ်ကိုင်ခွင့် ချထားပေးခဲ့ရာမှ ယခုဇွန် ၁ ရက်မှ စတင်၍ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment