Pages

Friday, June 1, 2018

မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ


ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan နှင့်တာဝန်ရှိသူများ၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့တို့စုပေါင်းဓာတ်ပုံရိုက်စဉ်။

မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၁-၆-၂ဝ၁၈

မြန်မာတပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့ သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဦးဆောင်သော မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့မွန်း လွဲပိုင်းတွင် လေကြောင်း ခရီးဖြင့် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါမြန်မာ့ တပ်မတော် ယဉ်ကျေးမှုအနု ပညာ အဖွဲ့သည် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မေ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက် မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ လည်းကောင်း၊ မေ ၃ဝ ရက်တွင် ဖစ္စနုလော့ခရိုင်၊ အမှတ်(၃) စစ်တိုင်းဌာနချုပ်၊ ဖျော်ဖြေရေးခန်းမ၌ လည်းကောင်း ဖျော်ဖြေရေး အစီ အစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့် တာဝန်ရှိသူများ၊ အမှတ်(၃) စစ်တိုင်းမှူး Lt. Gen. Vijak Siribunsop ၊ ထိုင်းဘုရင့် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ သင်တန်းသား ဗိုလ်လောင်းများ၊ Naresuan University နှင့် Chalermkwansatree အခြေခံပညာသင် ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ကြည့်ရှု အားပေးကြသည်။

မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ခရီးစဉ်အတွင်း Wat Pho ဘုန်းကြီးကျောင်းနှင့် အဖေ့ခြေရာ စီမံကိန်း (Footstep of my Father-Organic Farming) Project တို့သို့လည်း သွားရောက် လေ့လာကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment