Pages

Friday, June 29, 2018

ငွေကျပ် ၁၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



မံစီ ၂၉-၆-၂ဝ၁၈

ကချင်ပြည်နယ် မံစီမြို့နယ် အတွင်း ဗန်းမော်မြို့ အမှတ်(၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ငွေကျပ် ၁၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းဗော်မြို့ အမှတ်(၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ခါးလီ ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ဇွန် ၂၇ ရက်နံနက် ၁ဝနာရီက သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မံစီမြို့နယ် ဟန်ထက်ကျေးရွာ ဟန်ထက်-မန်သာကျေးရွာချင်းဆက် ကားလမ်းဆုံတွင် ကြိုတင်စောင့်ဆိုင်းနေစဉ် မန်သာကျေးရွာမှ ဟန်ထက်ကျေးရွာသို့ ဝေလင်းထွန်း မောင်းနှင်ပြီး နောက်မှ သီတာဦး (ခ) မဦးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ ပီနံအိတ်အတွင်းမှ ဆန်များအတွင်း အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ် ၃ဝ အတွင်းထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၁၇၆ဝဝဝဝ ရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၅၈၈ဝနှင့် သီတာဦး(ခ) မဦး၏ လက်ဆွဲအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချငွေဟု ယူဆရသည့် မြန်မာငွေစက္ကူရောရာ ငွေကျပ် ၆၅ဝဝဝ တို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရှိသည့် ဝေလင်းထွန်းနှင့် သီတာဦး(ခ)မဦး မံစီမြို့နေသူနှစ်ဦးကို မံစီမြို့မရဲစခန်းက မယ(ပ)၂၈/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝ(က)၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment