Pages

Friday, June 29, 2018

ပုဂံဒေသရောက် ပြည်ပခရီးသွားများ ရွှေဆံတော်စေတီ ရင်ပြင်တော်ပေါ်မှ နေဝင်၊ နေထွက်ရှုခင်း အလှဓာတ်ပုံရိုက်ကူး



ညောင်ဦး ၂၉-၆-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်း၌ ယခုနှစ် ဇွန် ၂၇ရက်က ပြည်ပခရီးသွား ဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လျက်ရှိပြီး ပြည်တွင်း ဘုရားဖူးများလည်း ဘုရားဖူးလာရောက်ကြ လျက်ရှိကြောင်း အဆိုပါ စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ပုဂံဒေသရောက် ပြည်ပခရီးသွားများနှင့် ပြည်တွင်းဘုရားဖူး ပြည်သူများသည် ပုဂံဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ် လက်ရာများ စသည့် ယဉ်ကျေးမှုလက်ရာများကို လေ့လာသကဲ့သို့ နံနက် ၆ နာရီနှင့် ည ၆ နာရီတို့တွင် ပုဂံမြို့ဟောင်းရှိ အနော်ရထာ မင်းတည်ထားကိုး ကွယ်ခဲ့သော ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်မှ ပုဂံယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများနှင့် တွဲဖက်လှပနေသည့် နံနက်နေထွက်၊ ညနေနေဝင် ရှုခင်းအလှအပများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူများ ယခုနှစ်တွင် များပြားလာလျက်ရှိကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရွှေဆံတော် စေတီတော်ကို လေးထောင့်ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာဝန်းခံ၍ ခေါင်းလောင်းပုံရင်ဖွဲ့ခါးပတ် သပိတ်မှောက် ဖောင်းရစ်စသည့် ဝန်းဝိုင်းရှူးတက်ကာ အထွတ်စေတီ တင်ထားကိုးကွယ် ထားသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး အဆိုပါစေတီတော် ပစ္စယံအထက် ငါးဆင့်ရင်ပြင်တော် ပေါ်တွင် ပြည်ပခရီးသွားများ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ ပုဂံဒေသ၏ အလှအပရှုခင်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment