Pages

Wednesday, June 6, 2018

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ အချင်းဖြစ်နေရာတွင် ငါးဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရ



စစ်ကိုင်း ၆-၆-၂ဝ၁၈

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာ မိုင်တိုင်အမှတ် (၂၃/၁)နှင့် (၂၃/၂) ကြားတွင် ယနေ့နံနက် ၁၁ နာရီ မိနစ် ၃ဝက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး အချင်းဖြစ်နေရာတွင် ငါးဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။

စစ်ကိုင်းမြို့မှ အုန်းတောဘက်သို့ ယာဉ်မောင်း ချောင်းဦးမြို့ရွှေတောင် ကွက်သစ်နေ လေးမင်း မောင်းနှင်းသည့် MDY 8H/---- LIGHT TRUCK ဖြူပြာယာဉ်နှင့် မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ အမည်မသိ (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် BGO 6P/----CANTER ခြောက်ဘီး ဖြူနီကျားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ 8H/---- LIGHT TRUCK ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးအနက် အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦးနေရာတွင် သေဆုံးပြီး ယာဉ်မောင်း အပါအဝင် ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများကို စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေး အထွေထွေရောဂါ ကုဆေးရုံကြီးတို့တွင် တင်ပို့ခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ်တွင် သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် MDY 8H/ ----- LIGHT TRUCK မော်တော်ယာဉ်မောင်း လေးမင်းမှာ ဒဏ်ရာရရှိပြီး BGO 6P/---- CANTER ခြောက်ဘီးယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment