Pages

Thursday, June 28, 2018

မြန်မာ့ရေထွက်ကုန်များ ဥရောပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်မည်



နေပြည်တော် ၂၈-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ ရေထွက်ကုန်များ အနေဖြင့် ဥရောပနိုင်ငံများ (EU) ဈေးကွက်သို့ လက်ရှိတစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့်သာ တင်ပို့နေရလျက်ရှိပြီး နောက်ပိုင်းတွင် ယခုထက်ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ဥရောပ(EU)၏ စံနှုန်းများနှင့် ကိုက်ညီသည့် ငါးဖမ်းသင်္ဘောများက ဖမ်းမိသည့် ရေထွက်ကုန်များကိုသာ တင်ပို့နေရပြီး ရေငန်ငါးနှင့် ရေငန်ပုစွန်များကိုသာ အဓိကတင်ပို့နေရကြောင်း၊တင်ပို့နိုင်မှုပမာဏမှာ နည်းပါးနေသေးသဖြင့် ဥရောပဈေးကွက်သို့ ယခုထက်မြန်မာ့ ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန်နှင့် ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MYSAP စီမံကိန်းကို လက်ရှိတွင် ဂျာမနီ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ GIZ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ MYSAP စီမံကိန်းကို ရေချိုဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လည်းကောင်း၊ ကမ်းရိုးတန်းဒေသများ ဖြစ်ကြသည့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လည်းကောင်း ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂ဝ၂၁ခုနှစ်ထိ ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ဥရောပ(EU)နှင့် ဂျာမနီအစိုးရတို့၏ အထောက့်အပံ့ ယူရို၂၂ဒသမ ၅သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

"လက်ရှိမှာတော့ မွေးမြူရေးကန်ဧက တစ်ထောင်လောက်ကိုတော့ ဝန်ကြီးဌာနက အခုဆို ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် MYSAP စီမံကိန်းကို မနှစ်ကစပြီး  ထိုးထားပြီးပါပြီ။ ငါးမွေးသူတွေကလဲ သူတို့ကိုယ်တိုင် သတ်မှတ်စံနှုန်းတွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ တော့လိုပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပြသည်။

လက်ရှိ ဥရောပဈေးကွက်သို့ တင်ပို့ရာတွင် ငါးမြစ်ချင်းကိုသာ အများဆုံးတင်ပို့ နေရကြောင်း၊ မြန်မာ့ရေထွက်ကုန်ကို အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ တစ်နှစ်လျှင် တန်ချိန်သန်း တစ်ထောင်ခန့်ထိ တင်ပို့နေရပြီး ဥရောပဈေးကွက် သို့လည်း ယခုထက်ပိုမို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ရေထွက်ကုန်များကို ယခုနှစ်ငါးလ တာကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ တန်ချိန် နှစ်သောင်းကျော် တင်ပို့ထား နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment