Pages

Tuesday, May 29, 2018

Jaguar ၏ SUV ကားအမျိုးအစားသစ် The New E-Pace ကို ပြည်တွင်း၌ စတင်မိတ်ဆက်



ရန်ကုန် ၂၉-၅-၂ဝ၁၈

အင်္ဂလန်နိုင်ငံ အခြေစိုက် Jaguar မှ နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်လိုက်သည့် Compact SUV ကားအမျိုးအစားသစ် The New E-Pace ကို မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း E-Pace ကားဒီဇိုင်နာ Mr.Ian Cullum ထံမှ သိရသည်။

''E-Pace က အရင် F-Type လို Sport ဆန်တဲ့ ပုံစံနဲ့ပိုတူပြီး F-Type ကားအမျိုးအစား တွေထက်ပိုသာတဲ့ နောက်ဆုံးပေါ် နည်းပညာ၊ အရည်အသွေးတွေ ရှိပါတယ်။ ကိုယ်ထည်ရှေ့ပိုင်းနဲ့ နောက်ဘက် အမိုးလိုင်းတွေရဲ့ တည်ဆောက်ပုံ ကလည်းတကယ့်ကို အရည်အသွေးမြင့်ပါတယ်။ ရှေ့မီးသီးတွေကလည်း ကားရဲ့အလှကို အစွမ်းကုန် ပုံဖော်ပေးထားတဲ့ အတွက်အမိုက်စား SUV ကားအမျိုးအစား တစ်စီးလို့ ပြောလို့ရပါတယ်'' ဟု Mr.Ian Cullum က ပြောသည်။

Jaguar E-Pace တွင် အင်ဂျင်ပါဝါ ၂ ဒသမ ဝ လီတာ ဆလင်ဒါ လေးလုံးတပ်ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင် တို့ကိုရွေးချယ် နိုင်ကြောင်း သိရသည်။

ဂီယာအမျိုးအစားအဖြစ် အော်တိုဂီယာကိုးချက်နှင့် Manual ဂီယာခြောက်ချက် ပါရှိပြီး လေးဘီးယက်စနစ် (All Wheels Drive System) ထည့်သွင်း ထားကြောင်း သိရသည်။

Jaguar E-Pace ကို အမေရိကန်ဒေါ်လာ ၈၅ဝဝဝ မှ ၁၁ဝဝဝဝ အတွင်း ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်ပြီး အရောင်ရှစ်မျိုး ရရှိနိုင်ကြောင်း သိရသည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ဈေးအတက်အကျ ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်မည် ဖြစ်သည်။

ပြည်တွင်း၌ ရရှိနိုင်သည့် Jaguar ကားအမျိုးအစားတွင် E-Pace၊ E-Pace R Dynamic အမျိုးအစား နှစ်ခုစလုံးကို S၊ SE၊ HSE အစရှိသည့် အမျိုးအစားများဖြင့် စက်စွမ်းရည်အဆင့် (၅) မျိုးရွေးချယ်နိုင်ရန် ထုတ်လုပ် ပေးထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment