Pages

Thursday, May 3, 2018

မော်တော်ယာဉ် တစ်စီး ဘရိတ်ပေါက်၍ ရှေ့မှမောင်းနှင်နေသော ၂၂ ဘီးယာဉ် လမ်းဘေးရှိ အိမ် ဓာတ်တိုင်နှင့် ဖုန်းတိုင်များအား ဝင်ရောက် တိုက်မိ



မူဆယ် ၃-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် မူဆယ်-လားရှိုးသွား ပြည်ထောင်စု လမ်းမကြီး၌ ယမန်နေ့ ညနေ ၆ နာရီခွဲက မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရှေ့မှေ မာင်းနှင်နေသော ၂၂ ဘီး မော်တော်ယာဉ်၊ အိမ်၊ ဓာတ်တိုင်နှင့်ဖုန်းတိုင်များကို ဝင်ရောက်တိုက်မိကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီခွဲက အမှတ်(၁၂၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး မူဆယ်မှ ဒုတိယ ရဲအုပ်ဇော်မျိုးအောင်သည် မူဆယ်-လားရှိုးသွားပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၈/၃)နှင့် (၂၇၈/ ၄)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း သိန်းနိုင်ထွေး ၂၁ နှစ် ရပ်ကွက် (၉)ကျောက်မဲမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် အိုက်ဆေးလိုက်ပါသော ယာဉ် အမှတ် 2P/----Scania ----၂ဝ ဘီးယာဉ်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာစဉ် ဘရိတ် ပေါက်ပြီး အောက်တုံခန်ကျေးရွာ လမ်းကွေ့အရောက်တွင် ရှေ့မှ ယာဉ်မောင်း အောင်မြတ်မိုး မောင်းနှင်လာသော ယာဉ်အမှတ် 4I/----NISSAN UD အမျိုးအစားစိမ်း/ဖြူရောင် ၂၂ ဘီးယာဉ်ကို ဝင်ရောက်တိုက်မိပြီး ယာဘက် ၄ ပေခန့်မြင့်သည့် ကမ်းပါးယံပေါ်ရှိ ဓာတ်တိုင်၊ အနီးရှိဖုန်းတိုင်နှစ်တိုင်နှင့် လမ်း၏ဝဲဘက်ခြမ်း ရှိ ဒေါ်နန်းဆမ်း ၅ဝ နှစ် အောက်တုံခန်ကျေးရွာ မူဆယ်မြို့နယ်နေသူ၏ နေအိမ်ခြံဝင်းတို့ကို တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဒေါ်နန်းဆမ်း၏ နေအိမ်မှာ အိမ်ရှေ့အမိုးများ ပျက်စီးသွားပြီး ၂၂ ဘီးယာဉ်မောင်း အောင်မြတ်မိုးမှာ ယာပေါင်ဖူးရောင်ဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာများ ရရှိပြီး ယာဉ်နောက်လိုက် အိုက်ဆေးတွင် ဝဲ/ယာခြေဖမိုးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ် မောင်း သိန်းနိုင်ထွေးကို မူဆယ်မြို့မရဲစခန်းက (ပ)၁၇/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment