Pages

Tuesday, May 15, 2018

ပြည်ပသို့ ဆန်ပိုမိုတင်ပို့ နိုင်ရေးအတွက် အီးယူဈေးကွက်မှ တစ်ဆင့်ဆန်ဖောက်သည် ဈေးကွက်သစ်များ ထပ်မံရှာဖွေ ချိတ်ဆက်မည်



ရန်ကုန် ၁၅-၅-၂ဝ၁၈

ပြည်ပသို့ ဆန်ပိုမိုတင်ပို့ နိုင်ရေးအတွက် အီးယူဈေးကွက်မှ တစ်ဆင့်ဆန်ဖောက်သည် ဈေးကွက်သစ်နိုင်ငံများ ထပ်မံရှာဖွေ ချိတ်ဆက်ကာ လက်ရှိဖောက်သည် ဈေးကွက်နိုင်ငံများ နှင့်လည်း ပိုမိုစာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှု အခြေအနေများမှာ ပထမကမ္ဘာစစ်မတိုင်မီက ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄ဝ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားနိုင်သဖြင့် တစ်ကမ္ဘာလုံးတွင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများ၏ နံပါတ်(၁)နေရာတွင် ရှိနေခဲ့သည်။

ထိုစဉ်က မြန်မာ့ပြည်ပ ဆန်တင်ပို့မှုကဏ္ဍ၏ ၄ဝ ရာခိုင်နှုန်းမှာ ဥရောပတိုက်သို့ တင်ပို့နေခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်အများဆုံး ဝယ်သူနေသည့် ဖောက်သည်ဈေး ကွက်နိုင်ငံ ဖြစ်သည်။ လက်ရှိတွင်လည်း မြန်မာ့ဆန်နှင့် ဆန်ကွဲများကို နိုင်ငံတကာသို့ တင်ပို့ရောင်းချ ပေးလျက်ရှိရာ ဆန်တင်ပို့ ရောင်းချပေးနေသော ဖောက်သည်ဈေးကွက် နိုင်ငံ ၅၇ နိုင်ငံထိရှိနေပြီး ဆန်ကွဲတင်ပို့နေသည့် ဖောက်သည်ဈေးကွက်နိုင်ငံ ၃၃ နိုင်ငံထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ဆန်များကို ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် EU ဈေးကွက်မှတစ်ဆင့် ဆန်ဖောက်သည် ဈေးကွက်သစ်နိုင်ငံများ ထပ်မံရှာဖွေချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment