Pages

Wednesday, May 30, 2018

မန္တလေး-မိုးကုတ်လမ်း လက်ပံလှ-ဖော့ တော-သပိတ်ကျင်းလမ်းပိုင်း လမ်းအရည်အသွေး ပိုင်းမြှင့်တင်၍ တိုးချဲ့တည်ဆောက် လျက်ရှိ



မန္တလေး ၃၀-၅-၂ဝ၁၈

မန္တလေး-မိုးကုတ်လမ်းပိုင်း လက်ပံလှ-ဖော့တော-သပိတ်ကျင်း လမ်းပိုင်းကို မူလခင်းထားသော အကျယ် ၁၈ပေ ကတ္တရာလမ်းမှ အကျယ်၂၄ ပေ နိုင်လွန်ကတ္တရာ လမ်းအဖြစ် လမ်းအရည်အသွေး ပိုင်းမြှင့်တင်တိုးချဲ့ တည်ဆောက်လျက်ရှိရာ လုပ်ငန်းများပြီးစီးပါက ခရီးသွားချိန် ထက်ဝက်ခန့်လျှော့ချ နိုင်မည်ဖြစ်ကြောင်း လမ်းတည်ဆောက်ရေး ဆောင်ရွက်နေသူ ဆုထူးပန်ကုမ္ပဏီ (မန္တလေး)မှ စီမံကိန်းမန်နေဂျာ ဦးဆန်းမင်းမောင်ထံမှ သိရသည်။

ဆုထူးပန်ကုမ္ပဏီက တာဝန်မယူမီက ယခုလမ်းသည် အကျယ် ၁၂ ပေသာရှိကြောင်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှစ၍ အကျယ် ၁၈ပေ အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းကိုနိုင်လွန်ကတ္တရာ အဖြစ် အဆင့်မြှင့်တင်ပြီး လမ်းအကျယ်ကိုလည်း ၂၄ ပေအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ပြီးပါက မူလခရီးသွားချိန်ထက် ထက်ဝက်ခန့် အချိန်လျှော့ချနိုင်မည် ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် လာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေး အတွက် များစွာအကျိုး ရှိလာကြောင်း သိရသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လမ်းအရည်အသွေးကို အခုလို အဆင့်မြှင့်တင်တာတွေ စဉ်ဆက်မပြတ် လုပ်ပေမယ့် လမ်းအသုံးပြုခကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက သက်မှတ်ထားတဲ့ နဂိုအတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ ခင်းနေတဲ့လမ်းက နိုင်လွန်ကတ္တရာလမ်း ဖြစ်ပါတယ်။ နိုင်လွန်သားက ရေကျောက်ပါတယ်။ ဒေသခံတချို့က လမ်းမြေတွေ ကျူးကျော်ထားတာ မျိုးရှိသလို၊ လမ်းပခုံးသားတွေကို မြင့်အောင် လုပ်ထားတာတွေလဲ ရှိတဲ့အခါ လမ်းက ရေဝပ်တဲ့အတွက် လမ်းပျက်စီးမှုများ ပြားတာတွေ ရှိပါတယ်။ အခုလမ်းရေရှည်ခံဖို့ ရေနုတ်မြောင်းတွေ တူးဖို့လုပ်နေပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ အများအကျိုးအတွက် လမ်းအဆင့်မြှင့်ရာမှာ ဒေသခံပြည်သူ တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံ ချင်ပါတယ်"ဟု ဆုထူးပန်ကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးဆန်းမင်းမောင်က ပြောပြသည်။

ဆုထူးပန်း ကုမ္ပဏီအနေဖြင့် မန္တလေး-မိုးကုတ်လမ်း၏ လက်ပံလှ-ဖော့တောလမ်းပိုင်း မိုင်တိုင် အမှတ် (၄၅/၃မှမိုင်တိုင်၇၆/၄ထိ) ၃၁မိုင် ၁ဖာလုံ၊ လက်ပံလှ-စဥ့်ကူးလမ်းမိုင် (ဝ/ဝမှ ၅/၄ထိ) ၅မိုင် ၄ဖာလုံ၊ သပိတ်ကျင်း-ဖော့တော လမ်းမိုင် (၇/ဝမှ ၁ဝ/၇) ထိ ၃ မိုင်၇ဖာလုံ စုစုပေါင်း မိုင်၎ဝ၊ လေးဖာလုံကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက BOT စနစ်အရလမ်း အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိထားပြီး ယခုလ ၁၂ ရက်မှစတင်ကာ လမ်းအရည်အသွေးပိုင်း မြှင့်တင်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment