Pages

Monday, May 7, 2018

အပျော်စီး သင်္ဘောများဖြင့် မြိတ်ကျွန်းစုသို့ လာရောက်လည်ပတ်သော နိုင်ငံတကာခရီးသွားများကို ကုန်းပေါ်ဒေသများသို့ လည်ပတ်နိုင်ရန် စီစဉ်ပေးမည်



ရန်ကုန် ၇-၅-၂ဝ၁၈

၂ဝ၁၉ ခုနှစ် ခရီးသွားရာသီတွင် အပျော်စီးသင်္ဘောများဖြင့် မြိတ်ကျွန်းစုဒေသသို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခရီးသွားများကို ကော့သောင်းမြို့ အပါအဝင်ကုန်းပေါ် ဒေသများသို့ တက်ရောက် လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သတင်းများအရ သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစုဒေသသည် ကျွန်းပေါင်း ၈ဝဝ ကျော်ရှိပြီး သဘာဝဂေဟ စနစ်မပျက်စီးသေးသည့် ရေမြေတောတောင် သဘာဝများစွာ ရှိနေသည်။ ထို့ကြောင့် နိုင်ငံတကာ ခရီးသွားလောကနှင့် နိုင်ငံတကာခရီးသွား လုပ်ငန်းလောကတွင် စိတ်ဝင်စားခြင်း ခံနေရသည့် ကမ်းခြေဒေသ တစ်ခုဖြစ်သည်။ ထို့ပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေသည့် ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေ နှင့်လည်း နီးကပ်စွာရှိနေ၍ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်နေသော နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် အပျော်စီးသင်္ဘော ခရီးစဉ်များ၊ စက်တပ်ရွက်လှေ ခရီးစဉ်များနှင့် မြိတ်ကျွန်းစုဒေသသို့ လာရောက် လည်ပတ်ကြသည်။

ထို့ကြောင့် မြိတ်ကျွန်းစုဒေသ၊ အဏ္ဏဝါခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသတွင် Cruise Tours၊ စက်တပ်ရွက်လှေ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး၊ ခရီးသည်များ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်လည်ပတ် နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ်အတွင်း ကမ္ဘာလှည့် အပျော်စီးသင်္ဘော ခရီးစဉ် (Cruise Tours)- အစင်း ၂ဝ၊ ခရီးသည် ၂ဝ၇၁၄ဦး ဝင်ရောက်ခဲ့သည်။ 

ထိုသို့ လာရောက် လည်ပတ်ခဲ့ကြသည့် အပျော်စီးသင်္ဘောစီးခရီး သည်များသည် ပင်လယ်ပြင်ကျွန်းများသို့ ခဏတာလည်ပတ်ကာ ပြန်လည်ထွက်ခွာ သွားကြရသည်။ထို့ကြောင့် ၂ဝ၁၉ခုနှစ် ခရီးသွား ရာသီတွင် အပျော်စီး သင်္ဘောများဖြင့် မြိတ်ကျွန်းစု ဒေသသို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခရီးသွားများကို ကော့သောင်းမြို့ အပါအဝင်ကုန်းပေါ် ဒေသများသို့ တက်ရောက်လည်ပတ် နိုင်ရန်စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment