Pages

Tuesday, May 8, 2018

ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းတွင် ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက် သစ်ခွဲသားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ



ကနီ ၈-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချောင်းမဘိနယ် မုံရွာ-ယာကြီး-ကလေးဝလမ်း ချောင်းမ ကျေးရွာအနီးတွင် ခြောက်ဘီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်သန်းမျိုး၏ ညွှန်ကြားမှုဖြင့် ဆားလင်းကြီးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းကြိုင် ဦးဆောင်သော မုံရွာခရိုင်စစ်ကြောင်း အဖွဲ့၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် သစ်တောဦးစီးဌာန ချောင်းမ ဘိနယ်တာဝန်ခံ ဝန်ထမ်းများ စုစုပေါင်း ၁၅ ဦး ပူးပေါင်းပါဝင်သော အဖွဲ့သည် တရားမဝင်သစ်ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့နံနက် ၁ နာရီက ကနီမြို့နယ် ချောင်းမဘိနယ် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်တိုင် အမှတ် (၁၈/ဝ) ချောင်းမကျေးရွာအနီး၌ ယာဉ်နံပါတ် u/----၊ TOYOTA DYNA အဖြူရောင်ခြောက်ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်သစ်ခွဲသား ၂၅ ချောင်း ၃ဒသမ ဝ၅၄၂ တန်ကို ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမဝင်သစ်များနှင့် ယာဉ်ကို ချောင်းမဘိနယ် သစ်တောစခန်းတွင် တာဝန်ရှိသူတို့က လုံခြုံစွာသယ်ယူထိန်း သိမ်းထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသော ဆက်စပ်ပြစ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ကနီမြို့နယ်သစ်တော ဦးစီးဌာနက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment