Pages

Thursday, April 26, 2018

ရခိုင်ပြည်နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့သူများကို ပြန်လည်လက်ခံဆောင်ရွက် ပေးနေမှုများ ဆွေးနွေး



နေပြည်တော် ၂၆-၄-၂ဝ၁၈

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Mr. Paul R.Seger ကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု၊  Swiss Agency for Development and Cooperation(SDC) အဖွဲ့မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက် ခဲ့သည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာပြောင်းရွှေ့သူများကို ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေမှု၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂ဝ၁၉-၂ဝ၂၃ခုနှစ် ငါးနှစ်တာကာလအတွက်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲနေသည့် အခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် SDC တို့ပူးပေါင်း၍ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E. Mr. Paul R.Seger ကို လက်ခံတွေ့ဆုံစဉ်။

#Themyawadydaily 

No comments:

Post a Comment