Pages

Wednesday, March 28, 2018

မြို့မ တူရိယာအသင်းမှ သင်္ကြန်သီချင်းအသစ် ၂ ပုဒ်ဖြင့် သင်္ကြန်ကာလအတွင်း မြို့တွင်း၌ လှည့်လည် ဖျော်ဖြေမည်



မန္တလေး ၂၈-၃-၂ဝ၁၈

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်တွင် မြို့မတူရိယာ အသင်းမှ တေးရေးဆရာများ ကိုယ်တိုင်ရေး စပ်ထားသည့် သင်္ကြန်သီချင်းအသစ် ၂၈ပုဒ်ဖြင့် သင်္ကြန်ကာလအတွင်း မြို့တွင်း၌လှည့်လည် ဖျော်ဖြေသွား မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တေးရေးဆရာ ဦးသန်းမောင်ဝင်းက ပြောပြ၍ သိရသည်။

အဆိုပါ သင်္ကြန်သီချင်း အသစ်များကို မြို့မအသင်းကြီးမှ ဝါရင့်တေးရေး ဆရာများ ဖြစ်ကြသော ဆရာပေါ၊ ဦးသန်းမောင်ဝင်းနှင့် ဦးမောင်မောင်စိန်တို့က မြို့မအသင်း၏ ပင်တိုင်အဆိုရှင် ၁၄ ဦးအတွက် တစ်ဦးလျှင် နှစ်ပုဒ်နှုန်းသီဆိုရန် ရေးစပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်သင်္ကြန်မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်ချက်အရ မြို့မအသင်းက မြို့တော် မဟာသင်္ကြန် မဏ္ဍပ်နဲ့ မြို့တွင်းလှည့်လည် ဖျော်ဖြေဖို့အတွက် အဖွဲ့နှစ်ဖွဲ့ ခွဲထားတယ်။ မြို့တွင်း ဖျော်ဖြေဖို့အတွက် သီချင်းအသစ် ၂၈ ပုဒ်စပ်ထားပြီး မြို့တော်သင်္ကြန် မဏ္ဍပ်မှာတော့ ယိမ်းအကအတွက် သင်္ကြန်သီချင်း အသစ်နှစ်ပုဒ် စပ်ပေးထားပါတယ်။ ယခင်နှစ်တွေကလဲ သင်္ကြန်သီချင်း အသစ်တွေရေးပေးပေမယ့် ဆိုတဲ့သူတွေက သူတို့နှစ်သက်တဲ့ သီချင်းဟောင်းတွေပဲ ဆိုကြတဲ့အတွက် သီချင်းအသစ်တွေက မပေါ်လွင်ခဲ့ဘူး။ ဒီနှစ်မှာတော့ လက်ရှိရေးစပ် ပေးထားတဲ့ သီချင်းအသစ်တွေကိုပဲ မဖြစ်မနေသီဆို ရမှာဖြစ်တဲ့အတွက် မန္တလေးပြည်သူတွေ သင်္ကြန် သီချင်းအသစ် တွေကို နားဆင်ရ တော့မှာပါ။ သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေဖို့အတွက် မြို့တော်စည်ပင်ကလဲ ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်ပေးထားပါတယ်"ဟု ၎င်းက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment