Pages

Wednesday, March 28, 2018

နမ့်ခမ်း-မူဆယ်သွား ကားလမ်း အေးရှားဝေါလ်တိုးဂိတ်၌ တရားမဝင် ဆီလီကွန်ကျောက်များ တင်ဆောင်လာသော မော်တော်ယာဉ်များ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများနှင့် တရားမဝင် ဆီလီကွန်ကျောက်များ တင်ဆောင်ထားသော မော်တော်ယာဉ်များကို တွေ့ရစဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် နမ့်ခမ်း-မူဆယ်သွား ကားလမ်းပေါ်ရှိ နမ့်ခမ်းမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်၌ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် မတ် ၂၆ ရက် ည ၁၁ နာရီခွဲခန့်တွင် နမ့်ဆမ်ဂိုဒေါင် ကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ မောင်းနှင်လာသော ၁ဝ ဘီးယာဉ် ခုနစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်တွင် တရားမဝင် တင်ဆောင်လာသော ဆီလီကွန်ကျောက် ၁၇၅တန် ခန့်ကို တရုတ်နိုင်ငံသား ယာဉ်မောင်းများ ဖြစ်ကြသည့် ရန်ဆန်းယုံ (ဘ) ဦးရန်ချုံတဲ့၊ ရှီကောင်လွိုင်း(ဘ) ဦးရှိခိုက်ရှန်၊ ရီဟုန်ကျန်း(ဘ) ဦးရီချိန်တဲ့၊ ရန်ချွမ့် (ဘ) ဦးရန်ရင်လုံ၊ ချွင်ရုံးထန့် (ဘ) ဦးချွင်ဆုန်မင့်၊ ဝုတားမင့်(ဘ)ဦးဝုစိန်ဖု၊ ရှန်မင့်ချိုင် (ဘ) ဦးရှန်စိန့်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ ရန်ချောင်ဖူး (ဘ) ဦးရန်မင့်ရှင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ယာဉ်များနှင့် ဆီလီကွန် ကျောက်များကို နမ့်ခမ်းမြို့မ ရဲစခန်း၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment