Pages

Thursday, March 29, 2018

ပြည်တွင်းရှိ ပွင့်လင်းမြင်သာမှု အရှိဆုံးစီးပွားရေး လုပ်ငန်းထိပ်တန်း ၁ဝ နေရာတွင် သီလဝါအများပိုင် ကုမ္ပဏီပါဝင်လာ



ရန်ကုန် ၂၉-၃-၂ဝ၁၈

မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိစေရေး အထောက်အကူပြုဌာန (MCRB) ၏ နောက်ဆုံး ထုတ်ပြန်သည့် ပွင့်သစ်စ အစီရင်ခံစာတွင် သီလဝါအများပိုင် ကုမ္ပဏီ (MTSH) သည် မြန်မာနိုင်ငံရှိ ပွင့်လင်းမြင်သာမှု အရှိဆုံး စီးပွားရေး လုပ်ငန်းများ၌ အဆင့် (၉) ရရှိခဲ့သောကြောင့် လာမည့်နှစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာနိုင်ကြောင်း သိရသည်။

''သီလဝါ အထူးစီးပွားရေးဇုန် အတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်း တိုးလာပါတယ်။ ဒီလိုမျိုးပွင့်လင်း မြင်သာတဲ့ စီးပွားရေးပုံစံနဲ့ လုပ်မယ်ဆိုရင် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုက လာမယ့်နှစ်တွေမှာ ပိုပြီးတိုးတက် လာမယ်လို့ ယုံကြည်ပါတယ်'' ဟု Myanmar Japan Thilawa Development Ltd. ( MJTD ) ၏ ဥက္ကဋ္ဌ Mr. Tomoyasu Shimizu က ပြောသည်။

ထိုပွင့်သစ်စ အစီရင်ခံစာတွင် ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု၊ စီးပွားရေး လုပ်ငန်း၌ ကျင့်သုံးသော ယဉ်ကျေးမှုစနစ်၊ အစီရင်ခံသည့်စနစ်၊ ရေရှည်တည်တံ့မှုနှင့် ဆက်သွယ်ရေး ကောင်းမွန်မှု စသည့်စံနှုန်း များကို MCRB မှ အစီရင်ခံစာ ပြုစုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု MCRB ၏ နောက်ဆုံး အစီရင်ခံစာတွင် သီလဝါအများပိုင် ကုမ္ပဏီသည် မူလအဆင့်ထက် ၁ဝ ဆင့်နီးပါး ခုန်တက်ကာထိပ်တန်း ၁ဝ နေရာ၌ အဆင့် (၉) ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''သီလဝါအထူး စီးပွားရေးဇုန်က အကဲဖြတ်ခံစာရင်းမှာ ရွေးချယ်ခံရမှုကြောင့် ပိုမိုကောင်းမွန် အောင်လုပ်ဖို့ တွန်းအားဖြစ် လာစေတာကို ပြနေပါတယ်။ အစီရင်ခံစာ ထွက်လာတဲ့အချိန်မှာ MCRB လမ်းညွှန် စာအုပ်တစ်ခုကိုပဲ ထုတ်ရသေးပေမယ့် စာရင်းထဲ ပါဝင်ခဲ့ပါတယ်။ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ပိုပြီးမြင်တွေ့ခဲ့ရပါတယ်'' ဟု MCRB ၏ Director Ms. Vicky Bowman က ပြောသည်။

#Themyawadydaily

No comments:

Post a Comment