Pages

Thursday, March 29, 2018

နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်လေ့လာ


နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လေ့လာသူအဖြစ် တက်ရောက်စဉ်။

နေပြည်တော် ၂၉-၃-၂ဝ၁၈

မတ် ၂၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ နိုင်ငံတော်သမ္မတ ရွေးချယ်တင် မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယနေ့ကျင်းပသော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို နိုင်ငံတော်သမ္မတ ရာထူးနေရာ လစ်လပ်သွားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ပေးသည့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်လည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ပေးသည့် ဦးမြင့်ဆွေနှင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကရွေးချယ်ပေးသည့် ဦးဟင်နရီဗန်ထီးယူတို့အား ဒုတိယသမ္မတများ အဖြစ်လည်းကောင်း ရွေးချယ် တင်မြှောက်ခဲ့သည်။

အဆိုပါ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ လေ့လာသူများအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment