Pages

Monday, March 19, 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများအား တွေ့ဆုံသတင်းရယူ



စစ်တွေ ၁၉-၃-၂ဝ၁၈

ပြည်တွင်းပြည်ပ သတင်းသမားများ ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ရှိ ယာယီလက်ခံရေး စခန်းသို့ ရောက်ရှိကြသည်။

သတင်းမီဒီယာ အဖွဲ့အား ယာယီလက်ခံရေး စခန်းရှင်းလင်းဆောင်၌ စခန်းတာဝန်ခံ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက စခန်းအတွင်း ကြိုတင်ပြင်ဆင် ထားမှုများ၊ စိစစ်လက်ခံရေးအတွက် ဝန်ကြီးဌာနများမှကိုယ်စားလှယ် အဖွဲ့အား စုဖွဲ့ထားရှိမှု၊ ပြန်လည်ဝင်ရောက် လာသူများအား လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးသွားမည့် အခြေအနေများနှင့် စခန်းတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှုကိုရှင်းလင်း ပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် သတင်းမီဒီယာ အဖွဲ့ဝင်များသည် စခန်းအတွင်းရှိ ပြန်လည်ဝင်ရောက် လာသူများ ခေတ္တတည်းခိုမည့် အိပ်ဆောင်များ၊ စိစစ်လက်ခံရေး အဖွဲ့များ၏ ရုံးခန်းများဖွင့်လှစ်ထားမှုနှင့် နှစ်နိုင်ငံနယ်စပ် တံတားတို့ကို ကြည့်ရှုသတင်းရယူ ကြသည်။

ထို့ပြင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်ကြသူများအား သွားရောက် တွေ့ဆုံ၍ ၎င်းတို့၏ ရောက်ရှိနေထိုင်မှုနှင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရေး အပါအဝင် သိရှိလိုသည်များကို လွတ်လပ်စွာမေးမြန်း သတင်း ရယူကြသည်။

မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး အကြမ်းဖက် ခံခဲ့ရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများအား လွတ်လပ်စွာမေးမြန်း သတင်းရယူ ကြသည်။

ညနေပိုင်းတွင် သတင်းမီဒီယာ အဖွဲ့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment