Pages

Monday, March 26, 2018

ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သစ်တောကြိုးဝိုင်းများ အတွင်းမှ ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ်လုံး တန် ၆ဝ ခန့်ဖမ်းဆီးရမိ



ရေတာရှည် ၂၆-၃-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်း ပဲခူးရိုးမတောကြီးနှင့် ဆက်စပ်လျက်ရှိသော သစ်တောကြိုးဝိုင်းများ အတွင်း မတ် ၂၁ ရက်မှ ၂၃ ရက်ထိ တရားမဝင် ကျွန်းသစ်ခွဲသားများနှင့် ပျဉ်းကတိုး သစ်လုံးတန် ၆ဝ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။

သစ်တောဦးစီးဌာနက တရားမဝင် သစ်ထုတ်လုပ်မှုများကို စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီး နိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူလူထု ပူးပေါင်းပါဝင်မှု လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Montoring and Reporting System CMRS) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ပဲခူးရိုးမတောကြီးနှင့် ဆက်စပ်လျက်ရှိသော သစ်တောကြိုးဝိုင်း များအတွင်း၌ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

မြို့နယ်သစ်တော ဦးစီးဌာနဦးစီး အရာရှိ ဦးကျော်ဆန်းမိုးနှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သစ်တော ကြိုးဝိုင်းများအတွင်း တရားမဝင် သစ်ထုတ်လုပ်မှုများ မရှိစေရန်ကွင်းဆင်း ရှင်းလင်း ဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက် ညနေ ၄ နာရီက သာဂရဘိနယ်အတွင်းမှ ကျွန်းခွဲသား ၇၈ ချောင်း ၄ ဒသမ ၇၉၉၂ တန်ကိုလည်းကောင်း၊ မတ်၂၂ ရက် ညနေပိုင်းက ဆွာတမံ ဘိနယ်ဥယျာဉ်မှူးကျေးရွာ အနောက်ဘက်မှ ကျွန်းခွဲသား ၃၅ ချောင်း ၃ ဒသမ ၁၈၁ တန်ကို လည်းကောင်း၊ မတ်၂၃ရက် မွန်းလွဲ ၂နာရီ မိနစ် ၅ဝခန့်က ရေတာရှည်မြို့နယ်နှင့် တောင်ငူ မြို့နယ်ထိစပ်နေသော စမိုးဘိနယ်၊ အနောက်ဆွာကြိုးဝိုင်း၊ အကွက်အမှတ် ၃၄အတွင်းမှ ပျဉ်းကတိုး သစ်လုံး ၉၇ လုံး ၅၁ ဒသမ ၈၇၈၆ တန်၊ စုစုပေါင်း ၅၉ ဒသမ ၈၅၈၈ တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ သစ်များကို မြို့နယ် သစ်တောဦးစီးဌာနသို့ သယ်ဆောင်ကာ ထိန်းသိမ်းဆောင်ရွက် ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment