Pages

Monday, March 5, 2018

ပခုက္ကူဆိပ်ကမ်း ယခင်နှစ်ထက် ကျဉ်းမြောင်းနေသဖြင့် ကုန်တင်ရေယာဉ်များ ကုန်စည်စီးဆင်းမှုနှေးကွေးနေ



ပခုက္ကူ ၅-၃-၂​ဝ၁၈

မကွေးတိုင်းဒေသကြီး၌ ရေကြောင်းလမ်းမှ ကုန်စည်စီးဆင်းမှု အချက်အချာကျသော ပခုက္ကူဆိပ်ကမ်းသည် ယခုအခါ ရေနည်းကာလ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဆိပ်ကမ်းအနေအထားမှာ ယခင်နှစ်ထက် ကျဉ်းမြောင်းနေသောကြောင့် ကုန်တင်ရေယာဉ်များမှာ ကုန်စည်စီးဆင်းမှု နှေးကွေးနေကြောင်း ဧရာဝတီလိုင်း အောင်မြသန်း ကုန်တင်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

နှစ်စဉ် ပခုက္ကူဆိပ်ကမ်းသည် ဇန်နဝါရီလမှစ၍ ဧပြီလထိ ရေနည်းကာလများတွင် ဆိပ်ကမ်းကျဉ်းမြောင်း၍ ရေယာဉ်ကြီး၊ ငယ်များမှာ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရာတွင် အခက်အခဲ တွေ့နေရကြောင်း၊ ယခုနှစ်တွင် အဆိုပါ ဆိပ်ကမ်းသည် ယခင်နှစ်ထက် ကျဉ်းမြောင်း နေသောကြောင့် လက်ရှိရေလမ်းကြောင်းမှ ကုန်စည်စီးဆင်းမှုများ နှေးကွေးနေကြောင်း သိရသည်။

"ဆိပ်ကမ်း အနေအထားကတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း အကျယ်အဝန်းက သံခွံရေယာဉ်နှစ်စီး ကပ်လိုက်ရင် ပြည့်လုမတတ် ဖြစ်နေပါတယ်။ အရင်နှစ်တွေက ကျဉ်းတယ်ဆိုတာ မောင်းနေရင်း ရေယာဉ်နှစ်စီးရှောင်သာပေမယ့် ဒီနှစ်တော့ တစ်စီးကုန်ချနေရင် ကျန်တဲ့ရေယာဉ်တွေက အောက်ဘက် ခပ်ဝေးဝေးကနေ ကုန်တွေနဲ့ စောင့်နေရပါတယ်။ ဒါကြောင့် ကုန်တင်ကုန်ချ တွေနောက်ကျပြီး ရေကြောင်းလမ်းကုန်စည် စီးဆင်းမှုတွေလဲ နှေးကွေးနေပါတယ်"ဟု အဆိုပါရေယာဉ်မှ ဦးကျော်သူအောင်က ပြောပြ၍ သိရသည်။

လက်ရှိ ပခုက္ကူဆိပ်ကမ်းတွင် မန္တလေး၊ မကွေး၊ ဟင်္သာတမြို့နယ်တို့မှ ဆန်၊ ဘိလပ်မြေ၊ ကျောက်မီးသွေး စသော ကုန်များ အများဆုံး ဝင်ရောက်နေပြီး ရေယာဉ်တစ်စီးကုန်ချနေပါက ဆိပ်ကမ်း၏ အောက်ဘက် ကမ်းဘေး၊ ရေလယ်နေရာများတွင် အနည်းဆုံး ကုန်တင်ရေယာဉ်သုံးစီး စောင့်ဆိုင်းနေရကြောင်း၊ သောင်ခုံ၊ ကျွန်းခုံများမှာလည်း ယခင်နှစ် ထက်ထူထပ်ခြင်း၊ ရှည်လျားခြင်းတို့ကြောင့် အဝင်အထွက် ကျပ်တည်းနေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment