Pages

Thursday, February 8, 2018

မူလစက်ရုံထုတ် Original Delivery Van ယာဉ်များကိုသာ မှတ်ပုံတင် နံပါတ်ထုတ်ပေးမည်



ရန်ကုန် ၈-၂-၂ဝ၁၈

ပြည်ပနိုင်ငံမှ Delivery Van မော်တော်ယာဉ်များ တင်သွင်းကာ နံပါတ်ထုတ်ယူပါက မူလစက်ရုံထုတ် Original Delivery Van ယာဉ်များကိုသာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က-ည-န) မှ သိရသည်။

လူစီးမော်တော်ယာဉ်များကို Delivery Van လုပ်ငန်းသုံး ယာဉ်များအဖြစ် ပြန်လည်ပြုပြင်ပြီး တင်သွင်းလာမှုများ ရှိနေသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်သည်။

''Original မဟုတ်ဘဲ ပြင်ဆင်ထားတဲ့ ကားတွေကို အမိန့်ထုတ်ပြန်တဲ့ နေ့ကစပြီး နံပါတ်မပေးတော့ပါဘူး'' ဟု က-ည-န (ထောက်ကြန့်) ကနဦးယာဉ် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ထားသည့် Delivery Van ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်မှတ်ပုံတင် နံပါတ်လာရောက် ဆောင်ရွက်ရာတွင် မော်တော်ယာဉ်ကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပြီး မူလစက်ရုံထုတ်ပုံစံ Original Delivery Van မဟုတ်သည့် ယာဉ်အဖြစ် စစ်ဆေးတွေ့ရှိပါက ယာဉ်နံပါတ် ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။

တင်သွင်းလာသော လုပ်ငန်းသုံး Delivery Van ယာဉ်များအား ကုန်တင်ဆောင်ရန်သာ သတ်မှတ်ပေးထားပြီး ယင်းယာဉ်များမှာ Driver အခန်းနှင့် နောက်ဘော်ဒီကြား ကွာဟမှု ကန့်သတ်ထားသည့် အကန့်ပုံစံ ပါရှိရမည် ဖြစ်ကြောင်း၊ နောက်ခန်း၌ ထိုင်ခုံမပါရှိရဟု သတ်မှတ်ထားကြောင်းနှင့် လူစီးယာဉ်အမျိုးအစား အဖြစ်သို့ ပြုပြင်ပြောင်းလဲခွင့် မပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment