Pages

Thursday, February 8, 2018

ဒုတိယအကြိမ်အဖြစ် စက်ဘီးဆိုင်ကယ် တီထွင်နိုင်ခဲ့



မန္တလေး ၈-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမူကျေးရွာ ကျောက်စိမ်းဘုရား အနီးနေထိုင်သူ ဆိုင်ကယ်ဝပ်ရှော့ဆရာ အောင်လင်းခိုင် (ခ) Rကြီးမှ ဒုတိယအကြိမ်အဖြစ် စက်ဘီးဆိုင်ကယ်တစ်စီး တီထွင်နိုင်ခဲ့ကြောင်း သိရသည်။

''ကိုယ်လုပ်တဲ့ လုပ်အားခနဲ့ တန်ဖိုးကြီးတဲ့ ဆိုင်ကယ်ဝယ်မစီးနိုင်လို့ ကိုယ့်စိတ်တိုင်းကျ တီထွင်ဖြစ်ခဲ့တာပါ။ ဒီဆိုင်ကယ်က နှစ်စီးမြောက်ပါ။ ပထမတီထွင်ထားတဲ့ ဆိုင်ကယ်ကို သူငယ်ချင်းတစ်ယောက် ဝယ်သွားတယ်။ ဝါသနာ အရ သူငယ်ချင်းတွေအတွက် အပျော်လုပ်တာပါ။ လူအများက စိတ်ဝင်စားခြင်း ခံရလို့လည်း ဝမ်းသာရပါတယ်'' ဟု အောင်လင်းခိုင်က ပြောသည်။

အဆိုပါ စက်ဘီးဆိုင်ကယ် တီထွင်ရာတွင် သံတိုသံစဆိုင်မှ ပစ္စည်းအဟောင်းများ ရှာဖွေဝယ်ယူ၍ ဝပ်ရှော့ဆိုင်ရှိ ဆိုင်ကယ်ပစ္စည်းများဖြင့် ဖက်စပ်ပြုလုပ်ထားကြောင်း၊ စူပါကပ်အင်ဂျင်၊ ၁၂၅ စလစ်၊ ကစလထုတ် ကူဘိုတာ၅၆ အင်ဂျင်က အိပ်ဇော စသည်ဖြင့် တစ်စစီထွင်ပြီး တီထွင်ထားခြင်း ဖြစ်ကြောင်း၊ တန်ဖိုးငွေကျပ် ရှစ်သောင်းခန့် ကုန်ကျခဲ့ကြောင်း၊ စူပါကပ်ဆိုင်ကယ်ကဲ့သို့ မောင်းနှင်နိုင်ကြောင်း၊ အရင်းအနှီးသာ ရမည်ဆိုပါက ယခုထက်အရည်အသွေးေ ကာင်းမွန်သော ဆိုင်ကယ်များ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှ စတင်ပြုလုပ်ခဲ့ပြီး ဝပ်ရှော့လုပ်ငန်း တစ်ဖက်ကြောင့် ညပိုင်းတွင် အချိန်နှစ်ပတ်ခန့် ယူခဲ့ရကြောင်း အောင်လင်းခိုင်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment