Pages

Wednesday, February 28, 2018

City Taxi အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ်များကို ဧပြီလကုန်မှစ၍ အရေးယူမည်



ရန်ကုန် ၂၈-၂-၂ဝ၁၈

ရန်ကုန် တိုင်းဒေသကြီး အစိုးရသည် မြို့တွင်းမြို့နယ်များ၌ ယာဉ်ကြော ရှုပ်ထွေးမှုများကို ဖြေရှင်းရန် အလေးထား ဆောင်ရွက်နေပြီး လက်ရှိတွင် City Taxi  အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ်များကို ဧပြီလကုန်မှစ၍ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ သိရသည်။

''City Taxi အဖြစ် မှတ်ပုံတင်ဖို့ ကြေညာထားပြီး ကတည်းက ပျက်ကွက်ရင် အရေးယူမယ်ဆိုတာ ပါပြီးသားပါ။ အခု လက်ရှိအစီးရေနဲ့ မှတ်ပုံတင်ထားတဲ့ အစီးရေကို စိစစ်နေပါတယ်။ ဧပြီလကုန်လောက်မှာ စပြီး အရေးယူဖို့ ခန့်မှန်းထားပါတယ်'' ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသော အငှားယာဉ်အစီးရေ ရှစ်သောင်းခန့် ရှိပြီး City Taxi အဖြစ် မှတ်ပုံတင်ထားသော အစီးရေမှာ ခြောက်သောင်းခန့်သာ ရှိနေကြောင်း၊ ကျန်ရှိသည့်အစီးရေ နှစ်သောင်းကျော်ကို အရေးယူမည်ဖြစ်ပြီး ကနဦးတွင် အရည်ကျိုအပ်နှံ ဖျက်သိမ်းခဲ့သည့် မော်တော်ယာဉ်များအတွက် စာရင်းအတိအကျ ရရှိစေရန် စိစစ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment